ရေးပါတယ် ကဗျာတွေ
ရေးပါတယ် စာသားတွေ
ရေးပါတယ် ခံစားချက်တွေ
ပြောကြတယ်တစ်ချို့ က
အမြဲတမ်း အလွမ်းအကြောင်း
အမြဲတမ်း အဆွေးအကြောင်း
အမြဲတမ်း အသည်းကွဲတဲ့အကြောင်း
ဟုတ်တယ်ဗျ ကျွန်တော်ခံစားချက်မှာ
ဒီအကြောင်းအရာတွေပဲရှိတယ်
ချစ်ချင်တာပေါ့ လူတိုင်းလို
ကြည်နူးချင်တာပေါ့ လူတိုင်းလို
ဖြစ်မှမဖြစ်နိုင်ပဲ
ဆက်ရေးဖြစ်နေဦးမှာပါ
အလွမ်းအကြောင်းတွေပေါ့
Min khant
0 comments:
Post a Comment