Tuesday, November 5, 2013

ဖြစ်နိုင်ရင်

နင်တော်တော်ပင်ပန်းနေရှာမှာပဲနော်
နင်နေမကောင်းဖြစ်နေတဲ့အချိန်မှာတောင်
နင်ငါ့ကိုသတိရနေတယ်
နင်ငါ့အကြောင်းပဲတွေးနေတယ်ဆိုတာ
ငါ နင့်အတွက်စိတ်ပူတယ်ချစ်သူ
ဖြစ်နိုင်ရင်နေမကောင်းဖြစ်နေတဲ့
အချိန်လေးတော့ ဂရုစိုက်စေချင်တယ်
ငါ့ကိုခဏလေးမေ့ထားပေးပါ ချစ်သူ
မင်းမှာ သတိရခြင်းဆိုတဲ့အပူတွေပါ
ရောထွေးသွားမှာ မလိုလားဘူး
မင်း ငါ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ
တစ်လောကလုံးထက်ငါပိုအသိဆုံးပါ
ဒါကြောင့်ဖြစ်နိုင်ရင် ငါ့ကို
ခဏလောက်မေ့ထားလိုက်ပါနော်
                                            Min khant

0 comments:

Post a Comment