မင်းမချစ်နိုင်တဲ့ငါ
ရှေ့ ဆက်တိုးလည်းအပိုပဲလို့ တော့
မင်းမထင်လိုက်ပါနဲ့ 
ငါမင်းကို ချစ်တာ အပျော်သဘော
မဟုတ်တဲ့အတွက်
ငါ့အချစ်ကိုငါတန်ဖိုးထားတယ်
*****ချစ်သူ*****
ခါးသီးလွန်းအောင် ငြင်းဆန်နေတဲ့
မင်းရဲ့ စကားတွေက ငါ့အတွက်တော့
ချိုမြိန်နေဆဲပါ ချစ်သူ
ဘာလို့ လည်းဆိုတဲ့အဖြေက
ရိုးရှင်းလွန်းပါတယ်
နင်ဘာလုပ်လုပ်ချစ်နေမိတာ
ငါ့ရဲ့ အားနည်းချက်တစ်ခုလိုဖြစ်နေလို့ ပါ
*****ချစ်သူရယ်*****
Min khant
0 comments:
Post a Comment