အလွမ်းတွေနဲ့ အတူ
မိုးလင်းခဲ့ရတဲ့ မနက်တွေလည်းများခဲ့ပြီ
အလွမ်းတွေနဲ့ အတူ
မိုးချုပ်ခဲ့ရတဲ့ ညတွေလည်းများခဲ့ပြီ
ဖြစ်ချင်နေတဲ့ငါ့ဆန္ဒတွေလည်း
တစ်ခုမှအရာမထင်ခဲ့ဘူး
အိမ်မက်တွေဆိုတာတော့ အဝေးဆုံးမှာပေါ့
စိတ်ဓာတ်မကျမိပါဘူး
ဝမ်းနည်းမိတာလေးတစ်ခုပါ
မျက်ရည်မကျမိပါဘူး
ပျော်အောင်မနေတက်တာလေးတစ်ခုပါ
ဝေးနေကြတဲ့ ငါတို့ နှစ်ယောက်
ဒီဘ၀ပြန်မဆုံဖြစ်ခဲ့ရင်
နောက်ဘ၀မှာလည်းပြန်မဆုံချင်တော့ဘူး
နောက်ဘ၀ထိမခံစားချင်တော့ဘူး
ဒါကငါ့ရဲ့ ခံစားချက်တစ်ခုပါ
***ငါယုံကြည်ပါတယ် ချစ်သူ***
ဝေးနေကြတဲ့ ငါတို့ နှစ်ယောက်
*****တစ်နေ့ တော့*****
ဆုံဆည်းနိုင်လိမ့်မယ်ဆိုတာ.....?
Min khant
0 comments:
Post a Comment