Monday, November 25, 2013

ပြေးနေတဲ့ အချစ်

အချစ်ဆိုတာ လိုက်ရင်ပြေးတယ်တဲ့
ငါကျတော့ အချစ်ကိုမလိုက်ပဲ 
သူဘာလို့ ပြေးနေတာလဲ ငါမသိဘူး
ငါရပ်နေတာပါ မင်းဘာလို့ ပြေးနေတာလဲ
ပုံမှန်လေးပဲသွားပါ မင်းမောလိမ့်မယ်
ငါ့ကမင်းကိုလိုက်နေတဲ့သူမဟုတ်တဲ့အတွက်
မင်းပဲ ပင်ပန်းနေလိမ့်မယ် 
ငါကတော့အချစ်မပြောနဲ့ 
ကိုယ့်ခြေထောက်ပေါ်တောင်
မရပ်တည်နိုင်သေးတဲ့လူတစ်ယောက်ပါ
သတိတစ်ခုတော့ပေးလိုက်မယ်
မင်းပြေးမနေပါနဲ့ တော့
                 Min khant

0 comments:

Post a Comment