Monday, November 18, 2013

အချစ်ရဲ့ နောက်ကွယ်


ချစ်တယ်ဆိုတဲ့ စကားလေးနှစ်လုံးက
ငါ့ဘ၀တစ်ခုလုံးကိုအရာရာပြောင်းလဲစေခဲ့တယ်
လွယ်ကူစွာသုံးနူန်းခဲ့တဲ့
စကားလေးတစ်ခွန်း
ပေါ့ပျက်ပျက်ပြောဆိုခဲ့တဲ့
စကားလေးတစ်ခွန်း
မင်းရဲ့ ချစ်တယ်ဆိုတဲ့ စကားလေးပေါ့
ဒီစကားလေး နောက်မှာ
ဘယ်အကြောင်းအရာ၊ကန့် သတ်ချက်တွေ 
ပါနေတယ်ဆိုတာ ကြိုမသိခဲ့မိဘူး
အရာရာကိုယုံကြည်စေခဲ့တာ ဒီစကား
အရာရာကိုပြောင်းလဲစေခဲ့တာ ဒီစကား
နောက်ဆုံး ဒီစကားလေးကြောင့်ပဲ
ငါ့ဘ၀တစ်ခုလုံးစုတ်ပျက်သွားခဲ့တာ
ဘယ်သူတစ်ဦးတစ်ယောက်မှ မသိလိုက်ပါဘူး  
                              Min khant



0 comments:

Post a Comment