Saturday, November 16, 2013

*စိတ်ကူးယဉ်လပြည့်နေ့ *

 *****17.11.2013*****

ဒီနေ့ က တန်ဆောင်မုန်းလပြည့်နေ့ ချစ်သူ
ချစ်သူတွေတိုင်းလိုလို ဘုရားသွားကြတယ်
စုံတွဲလေးတွေလည်း ပျော်နေကြတယ်
ငါတို့ လည်းပျော်ချင်တယ် 
ဘုရားသွားချင်တယ် ဒီလိုနေ့ လေးမှာပေါ့
အခုအချိန်မှာမဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပေါ့
စိတ်ကူးမိတာတစ်ခုက
အခုလို့ ဖြစ်ချင်တိုင်းဖြစ်မလာတဲ့အချိန်
ဝမ်းမနည်းမိဘူးချစ်သူ 
အားမငယ်မိဘူးချစ်သူ
အတိုင်းမသိလွမ်းတာ တစ်ခုပါပဲ
စုံတွဲတွေတိုင်းလို၊ချစ်သူတွေတိုင်းလို
လက်စုံဖူးမြော်ခွင့်မရပေမယ့်
ငါတို့ နှစ်ယောက်အတူ စိတ်ကူးနဲ့ 
ဘုရားဖူးကြမယ်ချစ်သူ
မင်းလည်းအာရုံပြုပြီးဆုတောင်းနော်
ငါကတော့ အများကြီးမတောင်းပါဘူး
*ဆု*တစ်ခုပဲတောင်းခဲ့ပါတယ် 
မင်းအမြန်ဆုံးနေပြန်ကောင်းလာပါစေလို့ ပေါ့
                                         Min khant


0 comments:

Post a Comment