Sunday, November 10, 2013

မ အတွက် ကတိ

နင်နေမကောင်းနေတဲ့အချိန်
ငါနင့်ဘေးနားမှာ ရှိမနေတဲ့အခါ
ငါကိုယ့်ငါ ၀မ်းနည်းမိတယ် ချစ်သူရယ်
ငါ စိတ်ညစ်တဲ့ အချိန်
အခက်အခဲတွေရင်ဆိုင်နေရတဲ့အချိန်မှာ 
ငါ့ကို အမြဲအားပေးတဲ့ နင်ကို
အခုလို့ အခြေအနေမျိုးမှာ
အားပေးစကားလေးကလွဲလို့ 
ငါ့ဒီထက်ပို ချစ်မပြနိုင်ခဲ့ဘူး
မဖြစ်နိုင်ဘူးဆိုတာကို လုံးဝမပြောရဘူး
မရှိဘူးဆိုတာလည်း မပြောရဘူး
*** မောင်*** လို့ 
အမြဲတစေအားပေးစကားပြောတဲ့ 
ချစ်သူရဲ့ စကားလေးတွေက ငါ့၇ဲ့ 
မနက်ဖြန်ဆိုတာကို အသက်ဆက်ဖို့ အတွက်
အားဆေးတစ်ခုပါ
အခုအချိန်မှာ မင်းနားမှာရှိမနေပေးနိုင်တဲ့ငါ
မင်းကိုအဝေးကနေစောင့်ရှောက်ပေးရင်း
မင်းတစ်ယောက်ကိုသစ္စာရှိရှိချစ်သွားမယ်ဆိုတာ
မောင် ကတိပေးပါတယ် မရယ် 
                                     Min khant

 



0 comments:

Post a Comment