မင်းနဲ့ ငါနဲ့ ပေါင်းဖက်နိုင်ဖို့ 
လိုအပ်နေတာ ငွေ
မိဘအသိုင်းအ၀ိုင်းတွေကြည်ဖြူနိုင်ဖို့ 
လိုအပ်နေတာ ငွေ
အဲ့ဒီ ငွေကြောင့်
ငါတို့ တစ်ယောက်နဲ့ တစ်ယောက်
ဝေးသထက်ဝေးလာခဲ့တယ်ချစ်သူ
ငါ့ဘ၀ရဲ့ မပြည့်စုံမူ့ တစ်ခုကြောင့်ပေါ့
မင်းနဲ့ နီးဖို့ အဝေးတစ်နေရာမှာ
အချိန်ပြည့်အလုပ်နဲ့ နပန်းလုံးခဲ့တဲ့ငါ
တစ်နေ့ တော့ဆုံဆည်းရမယ်ဆိုတဲ့
အတွေးနဲ့ ပျော်ရွှင်နေခဲ့တယ်
အလွမ်းဆိုတာတော့ အတိုင်းမသိပဲပေါ့
ငွေ ဆိုတဲ့အရာကြီးငါတို့ နှစ်ယောက်ကို
ရူံးနိမ့်သွားတဲ့တစ်နေ့ ငါမင်းဆီအပြေးလှမ်းခဲ့တယ်
အချိန်နှောင်းသွားခဲ့ပြီချစ်သူရယ်
မင်းနဲ့ နီးရတော့မှ ခွဲခွာသွားခဲပြီပေါ့
မရှိမဖြစ်အသုံးဝင်ပါတယ်ဆိုတဲ့ ငွေ
အရာအားလုံးကိုတန်ဖိုးဖြတ်နေတဲ့ ငွေ
ဒီငွေတွေအားလုံးအခုတော့ အလကားပဲ
မင်းနဲ့ ငါရဲ့ အချစ်တွေကို ဖြတ်ဆီးခဲ့ကြတယ်
မင်းငါ့အပေါ်သစ္စာရှိခဲ့ပါတယ်
မင်းငါ့အပေါ်ယုံကြည်ခဲ့ပါတယ်
ဒါပေမယ့် ငွေဆိုတဲ့အရာကြီးက
အခုတော့ ငါတို့ နှစ်ယောက်ကို ဘ၀ခြားစေခဲပြီ
ငါတို့ နှစ်ယောက်အတွက်
နောင်ဘ၀ဆိုတာရှိလာခဲ့ရင်
ဂုဏ်တွေ၊ငွေတွေ၊အဆင့်အတန်းတွေကင်းဝေးတဲ့
ဘ၀တစ်ခုမှာ သက်ဆုံးတိုင်ချစ်သွားပါရစေလို့ 
ငါဆုတောင်းပါတယ် ချစ်သူ
Min khant
0 comments:
Post a Comment