နေမကောင်းဖြစ်နေတဲ့အချိန်
ကိုယ့်ဝေဒနာကို မငဲ့
ချစ်သူ အဆင်ပြေရဲ့ လားလို့ 
မေးလာတဲ့ ချစ်သူ ရယ်
မင်းသိပ်ချစ်နေတဲ့ငါ
အရာရာအဆင်ပြေပါတယ်
ငါသိပ်ချစ်နေတဲ့မင်းကို
အခုချိန်မှာ စိတ်ပူနေတာအမှန်ပါ
မင်းနေမကောင်းဖြစ်နေတဲ့အချိန်
ပျော်အောင်နေပါလား *မောင်*တဲ့
ပြောရက်လိုက်တာ ချစ်သူရယ်
ဘယ်လိုခွန်အားမျိုး
ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ 
ပြုံးပျော်နေနိုင်မှာလဲ
အလုပ်လုပ်ရတာလဲစိတ်မဖြောင့်ဘူး
ဘာလုပ်လုပ်ကိုအဆင်မပြေတာပါ
အချိန်တိုင်းတောင်းနေတဲ့ ဆုတစ်ခုက
မင်းအမြန်ဆုံးနေပြန်ကောင်းလာဖို့ ပါ
******ချစ်သူ******
Min khant
0 comments:
Post a Comment