Saturday, November 30, 2013

မင်းနဲ့ နီးဖို့ 

မိုးတွင်းမှာ မိုးမရွာဘူး
ဆောင်းတွင်းမှာ မိုးတွေရွာနေတယ်
တန်ခူးလမှာ ပိတောက်မပွင့်ဘူး
ကဆုန်လမှာ ပိတောက်တွေပွင့်နေတယ်
အရာရာဖောက်ပြန်နေတဲ့ လောကကြီးထဲမှာ
***ဘယ်သူ့ ကိုမှမယုံပါနဲ့ ***
ကိုယ့်တစ်ယောက်ကိုတော့ယုံစေချင်တယ်ချစ်သူ
အပိုတွေမပြောတက်ပါဘူး 
ရင်ထဲကစကားတစ်ခွန်းဆိုပါရစေ
***အချိန်တိုင်း လွမ်းနေတယ်***
ဖောက်ပြန်တယ်ဆိုတာ 
တချို့ တစ်ချို့ သောအရာတွေဟုတ်လိမ်မယ့်
မင်းနဲ့ နီးဖို့ ကြိုးစားနေတဲ့ ငါ့အတွက်တော့
ယုံကြည်မူ့ နဲ့ သစ္စာတရားပဲရှိပါတယ်
စိတ်ကူးယဉ်ဆန်ရမယ့်အရွယ်မဟုတ်တဲ့အတွက်
ငါတို့ နီးနိုင်ဖို့ လက်တွေ့ ကျကျ အလွမ်းတွေကို
အချစ်တွေနဲ့ အတူကျော်ဖြတ်ကြမယ် ချစ်သူရယ် 
    _____ Fighting ____
   ______Promise____
                                     Min khant 




Friday, November 29, 2013

ရင်ဖွင့်ချက်

ကဗျာတွေလည်းမရေးချင်တော့ဘူး
စားသားတွေလည်းမရေးချင်တော့ဘူး
တစ်ခါတစ်လေ အရမ်းစိတ်ညစ်တဲ့အချိန်
တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်ပေမယ့်
ဘယ်သူတစ်ဦးတစ်ယောက်ကမှ
ငါ့ခံစားချက်တွေကို
နားထောင်ပေးမယ့်လူမရှိခဲ့ဘူး
ပေါ့ပျက်ပျက်နဲ့ အမြဲလှောင်ရယ်ခံခဲ့ရတယ်
စိတ်ထွက်ပေါက်ရှာတဲ့ အနေနဲ့ 
ရှေ့ ဆက်ပြီး ကျွန်တော်
ကဗျာတွေ၊စာသားတွေဆက်ရေးဖြစ်နေဦးမှာပါ
                                Min khant 

pky40.kaunglay@gmail.com
 

လွန်ဆန်မရနိုင်တဲ့ အချစ်

အရင်ကအချစ်ကို မကိုးကွယ်ခဲ့တဲ့ငါ
အခုတော့အချစ်ကို ယုံယုံကြည်ကြည်နဲ့ 
ကိုးကွယ်တက်နေပြီ
အရင်ကအချစ်ဆိုတာ ဘာမှန်းမသိတဲ့ငါ
အခုတော့အချစ်ဆိုတာကြီးကို 
နက်နက်နဲနဲ သိလာခဲ့ပြီ
သဘာဝတရားကိုလွန်ဆန်လို့ မရဘူးဆိုတာ
*****သိနားလည်လာတယ်*****
*****ဒီတော့*****
ငါ မကိုးကွယ်ခဲ့ဖူးတဲ့အချစ်
ငါ မယုံကြည်ခဲ့တဲ့အချစ်ကို
ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး 
ကိုးကွယ်သွားမယ်ဆိုတာ.....?
            Min khant

Thursday, November 28, 2013

ဆုံနိုင်ခွင့်တစ်နေ့ 

အလွမ်းတွေနဲ့ အတူ
မိုးလင်းခဲ့ရတဲ့ မနက်တွေလည်းများခဲ့ပြီ
အလွမ်းတွေနဲ့ အတူ
မိုးချုပ်ခဲ့ရတဲ့ ညတွေလည်းများခဲ့ပြီ
ဖြစ်ချင်နေတဲ့ငါ့ဆန္ဒတွေလည်း
တစ်ခုမှအရာမထင်ခဲ့ဘူး 
အိမ်မက်တွေဆိုတာတော့ အဝေးဆုံးမှာပေါ့
စိတ်ဓာတ်မကျမိပါဘူး
ဝမ်းနည်းမိတာလေးတစ်ခုပါ
မျက်ရည်မကျမိပါဘူး
ပျော်အောင်မနေတက်တာလေးတစ်ခုပါ
ဝေးနေကြတဲ့ ငါတို့ နှစ်ယောက်
ဒီဘ၀ပြန်မဆုံဖြစ်ခဲ့ရင်
နောက်ဘ၀မှာလည်းပြန်မဆုံချင်တော့ဘူး
နောက်ဘ၀ထိမခံစားချင်တော့ဘူး
ဒါကငါ့ရဲ့ ခံစားချက်တစ်ခုပါ
***ငါယုံကြည်ပါတယ် ချစ်သူ***
ဝေးနေကြတဲ့ ငါတို့ နှစ်ယောက် 
*****တစ်နေ့ တော့*****
ဆုံဆည်းနိုင်လိမ့်မယ်ဆိုတာ.....?
             Min khant

လူဆိုတဲ့လူတွေ

သြော်
လူတွေလူတွေ
ငါလဲလူ၊မင်းတို့ လည်းလူ
လူလူချင်းအတူတူပဲလို့ ထင်ထားခဲ့တာ
ငါသိပ်မှားသွားခဲ့တယ် 
လူလူချင်းဆိုတဲ့ နာမ်စားတူပေမယ့်
စိတ်သဘောထား၊အကျင့်စရိုက်တွေ
တစ်စက်ကလေးမှမတူဘူး
အရောင်အမျိုးမျိုးနဲ့  
ငါနားလည်သွားပါပြီ လူဆိုတဲ့
လူတွေရဲ့ အကြောင်းကိုပေါ့ 
                       Min khant

Monday, November 25, 2013

*ဖွင့်မပြောရဲတဲ့စကားတစ်ခွန်း*

မသိတာလား 
မသိချင်ယောင်ဆောင်နေတာလား
ကောင်မလေးရယ်
တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်မျိုး
မင်းနဲ့ တွေ့ တိုင်းခံစားနေရတယ်
ငါ့ကိုယ်ငါတောင် အံသြမိတယ်
အခုတော့ငါယုံသွားပြီ
အချစ်ဆိုတာကြီးကိုပေါ့
ခံစားတက်လာခဲ့ပြီ
အချစ်ဆိုတဲ့ အက္ခရာကြီးကိုပေါ့
***မင်းကြောင့်***လို့ မပြောချင်ပေမယ့်
***မင်းကြောင့်***ပါချစ်သူ
ကြိတ်ပြီးမခံစားချင်တော့ဘူး
ဖွင့်ပြောဖို့ လည်းကြောက်တယ်
စာသားလေးနဲ့ မရဲတရဲ ရင်ဖွင့်ပါရစေ
***ကို မင်း ကို***
***သိပ်ချစ်တယ်***
            Min khant
 

ပြေးနေတဲ့ အချစ်

အချစ်ဆိုတာ လိုက်ရင်ပြေးတယ်တဲ့
ငါကျတော့ အချစ်ကိုမလိုက်ပဲ 
သူဘာလို့ ပြေးနေတာလဲ ငါမသိဘူး
ငါရပ်နေတာပါ မင်းဘာလို့ ပြေးနေတာလဲ
ပုံမှန်လေးပဲသွားပါ မင်းမောလိမ့်မယ်
ငါ့ကမင်းကိုလိုက်နေတဲ့သူမဟုတ်တဲ့အတွက်
မင်းပဲ ပင်ပန်းနေလိမ့်မယ် 
ငါကတော့အချစ်မပြောနဲ့ 
ကိုယ့်ခြေထောက်ပေါ်တောင်
မရပ်တည်နိုင်သေးတဲ့လူတစ်ယောက်ပါ
သတိတစ်ခုတော့ပေးလိုက်မယ်
မင်းပြေးမနေပါနဲ့ တော့
                 Min khant

Sunday, November 24, 2013

*တစ်ခုတည်းသော ဆန္ဒ*

ငါတို့ နှစ်ယောက်ရဲ့ 
အမှတ်တရနေ့ လေးက
တစ်နေ့ ကနေ တစ်လ
တစ်လ ကနေ တစ်နှစ်
ပြည့်တော့မယ်ချစ်သူ
ငါ့ရဲ့ တစ်ခုတည်းသောဆန္ဒက
တစ်နှစ်မဟုတ်ဘူး 
တစ်သက်ချစ်ချင်တာပါ
မဖြစ်နိုင်ဘူးဆိုတာမရှိဘူး
မဖြစ်သေးတာပဲရှိတာပါ
ငါတို့ နှစ်ယောက်ပျော်ရွင်မူ့ ၊၀မ်းနည်းမူ့ 
အရာအားလုံးကို မျှဝေခံစားပြီး
သက်ဆုံးတိုင် ချစ်သွားကြမယ်ဆိုတာ
ငါရဲ့ တစ်ခုတည်းသော ဆန္ဒပါ 
*****ချစ်သူရယ်*****
                      Min khant
(25.11.2013) _____8 months Anniversary day

http://minkhantpoems.blogspot.com/


သိပ်တော်လွန်းတဲ့ချစ်သူ

ဘယ်မှာလည်း အခုတော့
မင်းသိပ်ကိုးကွယ်ပါတယ်ဆိုတဲ့
ကတိတွေ၊သစ္စာတရားတွေ
မင်းသိပ်တန်ဖိုးထားပါတယ်ဆိုတဲ့
***ယုံကြည်မူ့ တွေ***
မင်းကိုသိပ်မုန်းတယ်ဆိုတာထက်
ရွံကြောက်ကြီးဖြစ်သွားပြီ
***ချစ်တယ်***ဆိုတဲ့စကားကို
ဖောဖောသီသီသုံးပြီး နောက်ဆုံးတော့ 
လူတစ်ယောက်ရဲ့ အချစ်ကို 
လိမ်ညာပြီးရက်ရက်စက်စက်
အသည်းခွဲခဲ့တယ် တော်ပါတယ်လို့ မပြောချင်ဘူး
မင်းလုပ်သွားတဲ့အကွက်တွေက
ပညာပါပြီးတကယ်ကိုသေသပ်လွန်းပါတယ်
မင်းအတွက်သေချာတဲ့ စကားတစ်ခွန်းက
မင်းတစ်နေ့ နောင်တရလိမ့်မယ် ဆိုတာ.....? 

 

ချစ်သူရေးသောကဗျာ

အရမ်းလှတဲ့ ဆောင်းနံနက်ခင်းဟာ
ငါ့ကိုလှောင်နေသလို ဝသုန်မိုးတွေနဲ့ 
ခပ်ရေးရေးမြင်ရတဲ့
တောင်တန်းတွေ ပြိုဆင်းတော့မလို
နွေရာသီရဲ့ ခြောက်သွေ့ ခြင်းဟာ
ငါရဲ့ အလွမ်းတွေကို ထိုင်းမှိုင်းခွင့်ပေးတယ်
မင်းဆိုတဲ့ ကောင်လေး တစ်ယောက်က
ဘာကြောင့်များ အလွမ်းတွေလာလာ ပေးနေရတာလဲ
လွမ်းတယ်ဆိုတာထက် မေ့မရတာ ခက်တယ်။ ။ 
                   Min khant
            

Saturday, November 23, 2013

ထာဝရချစ်သူ

ဘ၀တစ်ကွေ့ မှာ
ခဏတာတွေ့ ခဲ့ရပေမယ့်
ငါ့အသည်းနှလုံးထဲမှာတော့
မင်းတစ်ယောက်ကငါ့ရဲ့ 
ထာဝရ ချစ်သူပါ
ငါ့အတွက် အမြဲအနစ်နာခံပြီး
ချစ်ပြခဲ့တဲ့ မင်းကို ဘယ်တော့မှ
မေ့မှာမဟုတ်ပါဘူး
ဆုံဆည်းခွင့်မရှိနိုင်တဲ့ငါတို့ နှစ်ယောက်
နားလည်ရခက်တဲ့လူတွေကြောင့်
မျှော်လင့်ချက် အိမ်မက်တွေပျက်စီးခဲ့ရပေမယ့်
ငါဘ၀ရဲ့ ထာဝရချစ်သူက နင်ပဲဖြစ်မှာပါ
                          Min khant
 Min khant(pky40.kaunglay@gmail.com)

White love

ငါနဲ့ ပက်သက်တဲ့အရာတိုင်း
မင်း ပျော်ရွှင်ခဲ့ရသလို
မင်းနဲ့ ပက်သက်တဲ့အရာတိုင်း
ငါ ငိုကြွေးနေခဲ့ရတာ..
ဘာကြောင့်လဲ....?
ရိုးရိုးလေးပဲစဉ်းစားကြည့်ပါ
ငါ့ရဲ့ အချစ်ကဖြူစင်တယ်
ငါ့ရဲ့  အချစ်ကဟန်ဆောင်မူ့ ကင်းတယ်
ငါ့ရဲ့ အချစ်မှာ မာနမရှိဘူး
သံသယ ဆိုတာတော့ဝေးသထက်ဝေးပေါ့
အဲလို့ အချစ်မျိုးနဲ့ မင်းကိုငါ့ချစ်ခဲ့တာပါ
သေချာတယ်..
မင်းကိုချစ်ခဲ့လို့ ငါဘယ်တော့မှ
နောင်တမရပါဘူး..

~~~ငါမင်းကိုသိပ်ချစ်တယ် ချစ်သူရယ်~~~~

ဒါပေမယ့်....
ငါ့မျက်ဝန်းထဲက မျက်ရည်တွေ
ဘယ်အချိန်ထိမြေခနေဦးမလဲဆိုတာ......?
                             Min khant 

i miss you

လွမ်းတယ် ချစ်သူရယ်
တစ်နေ့ တစ်နေ့ လွမ်းနေရတာ
အခုဆိုတော်တော် ပင်ပန်းနေပြီ
ချစ်လို့ လွမ်းနေရတာဆိုပေမယ့်
တစ်ခါတစ်လေတော့ အရမ်းငြီးငွေ့ တယ်
_______________
မခံစားချင်တော့ဘူး 
အလွမ်းတွေကို
မဆွေးချင်တော့ဘူး
အလွမ်းတွေကို
______________
ချစ်လို့ လွမ်းနေရတာဆိုပေမယ့် 
လွမ်းဖို့ ချစ်ခဲ့တာမှ မဟုတ်တာ
အလွမ်းဆိုတာကြီးကိုကြောက်နေပေမယ့် 
ငါသိပ်ချစ်နေတဲ့မင်းကို
ကြောက်ကြောက်နဲ့ ဆက်ပြီးလွမ်းနေရမှာပါ
***** ချစ်သူရယ် *****
              Min khant

Wednesday, November 20, 2013

Best Friends Forever

နံနက်ခင်း အလင်းရောင်တစ်စ
ညအချိန် အလင်းရောင်တစ်စ
သူ့ အလင်းနဲ့ သူတော့တောက်ပပါတယ်
မင်းလည်းမင်းကိုယ်ပိုင်
အစွမ်းအစတစ်ခုတော့ရှိသလို
ငါလည်းငါ့ကိုယ်ပိုင်
အစွမ်းအစတစ်ခုရှိတယ် သူငယ်ချင်း
မင်းစိတ်ဓာတ်မကျပါနဲ့ 
မင်းအားမငယ်ပါနဲ့ 
ရင်ဆိုင်လိုက်စမ်းပါ
အနိမ့်အမြင့်အတက်အကျရှိတဲ့ လောကဓံကို
မင်းခံနိုင်ရမယ် သူငယ်ချင်း
ငါလည်းမင်းလိုပါပဲ အရာရာကျရူံးဖူးပါတယ်
ငါလည်းမင်းလိုပါပဲ အရမ်းစိတ်ဓာတ်ကျဖူးပါတယ်
ဒါပေမယ့် ဘယ်တော့မှအားမလျှော့ခဲ့ဘူး 
အနိမ့်အမြင့်အတက်အကျရှိတဲ့ လောကဓံကိုပေါ့
အခုအချိန်မှာမင်းလည်းငါလိုစိတ်မျိုးမွေးရမယ်
******သူငယ်ချင်း****** Fighting
                                                 Min khant
B F F


မင်းယုံနိုင်မလား

သတိရတယ်ဆိုတာထက်ပိုတယ်
လွမ်းတယ်ဆိုတာထက်ပိုတယ်
ခိုင်းနိုင်းစရာမရှိလောက်အောင်
ပြောမပြတက်လောက်အောင်
ဖြစ်တည်နေတဲ့ ငါ့ခံစားချက်ကို
မင်းတစ်ယောက်သိနိုင်ပါ့မလား
သေသေချာချာသိလိုက်ရတဲ့
အကြောင်းအရာတစ်ခုက
ငါမင်းကို *သိပ်ချစ်နေတယ်*ဆိုတာ
မင်းယုံနိုင်မလား ချစ်သူရယ် 
                                    Min khant 


Monday, November 18, 2013

အချစ်ရဲ့ နောက်ကွယ်


ချစ်တယ်ဆိုတဲ့ စကားလေးနှစ်လုံးက
ငါ့ဘ၀တစ်ခုလုံးကိုအရာရာပြောင်းလဲစေခဲ့တယ်
လွယ်ကူစွာသုံးနူန်းခဲ့တဲ့
စကားလေးတစ်ခွန်း
ပေါ့ပျက်ပျက်ပြောဆိုခဲ့တဲ့
စကားလေးတစ်ခွန်း
မင်းရဲ့ ချစ်တယ်ဆိုတဲ့ စကားလေးပေါ့
ဒီစကားလေး နောက်မှာ
ဘယ်အကြောင်းအရာ၊ကန့် သတ်ချက်တွေ 
ပါနေတယ်ဆိုတာ ကြိုမသိခဲ့မိဘူး
အရာရာကိုယုံကြည်စေခဲ့တာ ဒီစကား
အရာရာကိုပြောင်းလဲစေခဲ့တာ ဒီစကား
နောက်ဆုံး ဒီစကားလေးကြောင့်ပဲ
ငါ့ဘ၀တစ်ခုလုံးစုတ်ပျက်သွားခဲ့တာ
ဘယ်သူတစ်ဦးတစ်ယောက်မှ မသိလိုက်ပါဘူး  
                              Min khant



Saturday, November 16, 2013

*စိတ်ကူးယဉ်လပြည့်နေ့ *

 *****17.11.2013*****

ဒီနေ့ က တန်ဆောင်မုန်းလပြည့်နေ့ ချစ်သူ
ချစ်သူတွေတိုင်းလိုလို ဘုရားသွားကြတယ်
စုံတွဲလေးတွေလည်း ပျော်နေကြတယ်
ငါတို့ လည်းပျော်ချင်တယ် 
ဘုရားသွားချင်တယ် ဒီလိုနေ့ လေးမှာပေါ့
အခုအချိန်မှာမဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပေါ့
စိတ်ကူးမိတာတစ်ခုက
အခုလို့ ဖြစ်ချင်တိုင်းဖြစ်မလာတဲ့အချိန်
ဝမ်းမနည်းမိဘူးချစ်သူ 
အားမငယ်မိဘူးချစ်သူ
အတိုင်းမသိလွမ်းတာ တစ်ခုပါပဲ
စုံတွဲတွေတိုင်းလို၊ချစ်သူတွေတိုင်းလို
လက်စုံဖူးမြော်ခွင့်မရပေမယ့်
ငါတို့ နှစ်ယောက်အတူ စိတ်ကူးနဲ့ 
ဘုရားဖူးကြမယ်ချစ်သူ
မင်းလည်းအာရုံပြုပြီးဆုတောင်းနော်
ငါကတော့ အများကြီးမတောင်းပါဘူး
*ဆု*တစ်ခုပဲတောင်းခဲ့ပါတယ် 
မင်းအမြန်ဆုံးနေပြန်ကောင်းလာပါစေလို့ ပေါ့
                                         Min khant


For my friends

အလုပ်သွားအလုပ်ပြန်နဲ့ 
ရက်တွေကတစ်ရက်ထက် တစ်ရက်တိုးလာခဲ့တယ်
ငါအရင်လို့ မင်းတို့ နဲ့ ဘောလုံးကန်ချင်တယ်
ငါအရင်လို့ မင်းတို့ နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ချင်တယ်
ငါအရင်လို့ မင်းတို့ နဲ့ စနောက်နေချင်တယ်
ဒါပေမယ့် ငါဘက်ကဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေတစ်ခုပေါ့
မင်းတို့ ကိုတစ်ခုပြောချင်တယ်
ငါ့ကိုမေ့မသွားကြပါနဲ့ ကွာ

@ သူငယ်ချင်းများကိုသတိရခြင်း mk feeling
                                     Min khant

Thursday, November 14, 2013

ချစ်သူသို့ 

ပစ်ထားတာတော့
မဟုတ်လောက်ပါဘူးနော်
အကြောင်းကိစ္စလေးတွေ
အခက်အခဲလေးတွေကြောင့်
ငါ့ကို မတွေ့ နိုင်တာလို့ ငါထင်တယ်
*****ချစ်သူ*****
အခုလိုမတွေ့ ရတဲ့အချိန်ဆို
တစ်ယောက်တည်းငါ့စိတ်တွေ
တွေးမိတွေးရာရှောက်တွေးနေမိတယ်
*****ချစ်သူ*****
သံသယဆိုတာတော့အဝေးမှာပါ
ငါရဲ့ စိုးရိမ်စိတ်လွန်ကဲမူ့ ကြောင့်လို့ ငါထင်တယ် 
ဘယ်အကြောင်းအရာကြောင့်မှန်းမသိပေမယ့်
 ငါမင်းကို ပြင်းပြင်းပြပြ လွမ်းနေမိတယ်ချစ်သူ
သတိရခြင်းဆိုတာတော့အတိုင်းမသိပေါ့
ငါသိပ်ချစ်တဲ့မင်းကို
ဘယ်လောက်ကြာကြာလွမ်းနေရမလဲဆိုတာ
__________ ? ____________ .
                                   Min khant

Wednesday, November 13, 2013

အနိုင်ဆိုတဲ့ အရသာ

အရူံးဆိုတာ 
ငါ့အတွက်တော့ရိုးနေပါပြီ
ရူံးရလွန်းလို့ အရူံးကိုတောင်
သံယောဇဉ် ဖြစ်လာတယ်
ထုံနေပါပြီ အရူံးကြောင့်
နေတက်ခဲ့ပါပြီ အရူံးကြောင့်
ရင်ဆိုင်နိုင်ပါပြီ အဲ့ဒီ အရူံးကြောင့်ပါပဲ
ဒါပေမယ့်
တစ်ခါတစ်လေတော့ 
*အနိုင်* ဆိုတဲ့အရသာသိချင်လို့ 
*အနိုင်* လိုချင်မိတယ်
အရာရာတိုင်းပေါ့
                  Min khant



ဆက်ရေးဖြစ်နေဦးမှာပါ

ရေးပါတယ် ကဗျာတွေ
ရေးပါတယ် စာသားတွေ
ရေးပါတယ် ခံစားချက်တွေ
ပြောကြတယ်တစ်ချို့ က
အမြဲတမ်း အလွမ်းအကြောင်း
အမြဲတမ်း အဆွေးအကြောင်း
အမြဲတမ်း အသည်းကွဲတဲ့အကြောင်း
ဟုတ်တယ်ဗျ ကျွန်တော်ခံစားချက်မှာ
ဒီအကြောင်းအရာတွေပဲရှိတယ်
ချစ်ချင်တာပေါ့ လူတိုင်းလို
ကြည်နူးချင်တာပေါ့ လူတိုင်းလို
ဖြစ်မှမဖြစ်နိုင်ပဲ 
ဆက်ရေးဖြစ်နေဦးမှာပါ 
အလွမ်းအကြောင်းတွေပေါ့ 
                                Min khant


*လွန်ပါစေအလွမ်းညတွေ*

လွမ်းရတဲ့ နေ့ တွေရယ်
ကုန်လွန်ပါစေတော့
မျှော်လင့်နေရတဲ့ အချိန်တွေရယ်
ကုန်လွန်ပါစေတော့
ဝေးကွာနေရတဲ့ တို့ နှစ်ယောက်
ပြန်ဆုံနိုင်ဖို့ ဆိုတာ 
အလှမ်းဝေးလွန်းနေတယ်ဆိုပေမယ့်
ငါတို့ နှစ်ယောက်သစ္စာရှိရှိချစ်ခဲ့တာ
အချိန်ကာလ အားဖြင့်
တော်တော်လေးခရီးရောက်နေရောပေါ့
ငါနေ့ တိုင်းတောင်းတဲ့ဆုတစ်ခုက
မင်းနဲ့ အမြန်ဆုံးနီးနိုင်ဖို့ ပါ
လွမ်းရတဲ့ညတွေ 
ကုန်လွန်ပါစေလို့ ဆုတောင်းရင်း
ဒီတစ်ညလည်း Goodnight ပါချစ်သူ
                             Min khant

Tuesday, November 12, 2013

လမ်းပျောက်သူ

လမ်းလျှောက်ရင်းလျှောက်ရင်း
လမ်းပျောက်နေတဲ့ ငါ့ဘ၀ကို
လမ်းမှန်ရောက်အောင်ပို့ ဆောင်ပေးမယ့်
လူတစ်ဦးတစ်ယောက်တော့
လိုအပ်နေတာ အမှန်ပါ
အဲဒီလူတစ်ဦးတစ်ယောက်ကိုတွေ့ ဖို့ 
လမ်းဆက်လျှောက်ရင်းလျှောက်ရင်း
ဒီနေ့ ထိတိုင် လမ်းပျောက်နေဆဲပါ
                     Min khant

လူမိုက်တစ်ယောက်ရဲ့ အလွမ်း

မင်းကိုလွမ်းရလွန်းလို့ 
ကျတဲ့ ငါ့မျက်ရည်တွေကပြောတယ်
မင်းတော်တော်မိုက်တာပဲတဲ့
ဟုတ်တယ်...
ငါလူမိုက်ကြီးတစ်ယောက်ဖြစ်နေပြီ
မင်းကိုမှချစ်မိခဲ့တဲ့ငါ
ဘယ်တော့မှနောင်တရမှာမဟုတ်ဘူး
လွမ်းလွန်းလို့ ကျတဲ့မျက်ရည်တွေ
ကျစမ်းပါစေချစ်သူ...
လွမ်းလွန်းလို့  ငိုကြွေးခဲ့ရတဲ့ညတွေ
များစမ်းပါစေချစ်သူ..
ငါကျေနပ်ပါတယ်...
တစ်ခုတော့ပြောပါရစေ
~~~~သစ္စာရှိပါ~~~~ချစ်သူ... 
                         Min khant 

အချိန်တိုင်းတောင်းနေတဲ့ ဆုတစ်ခု

နေမကောင်းဖြစ်နေတဲ့အချိန်
ကိုယ့်ဝေဒနာကို မငဲ့
ချစ်သူ အဆင်ပြေရဲ့ လားလို့ 
မေးလာတဲ့ ချစ်သူ ရယ်
မင်းသိပ်ချစ်နေတဲ့ငါ 
အရာရာအဆင်ပြေပါတယ်
ငါသိပ်ချစ်နေတဲ့မင်းကို
အခုချိန်မှာ စိတ်ပူနေတာအမှန်ပါ
မင်းနေမကောင်းဖြစ်နေတဲ့အချိန်
ပျော်အောင်နေပါလား *မောင်*တဲ့
ပြောရက်လိုက်တာ ချစ်သူရယ်
ဘယ်လိုခွန်အားမျိုး
ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ 
ပြုံးပျော်နေနိုင်မှာလဲ
အလုပ်လုပ်ရတာလဲစိတ်မဖြောင့်ဘူး
ဘာလုပ်လုပ်ကိုအဆင်မပြေတာပါ
အချိန်တိုင်းတောင်းနေတဲ့ ဆုတစ်ခုက
မင်းအမြန်ဆုံးနေပြန်ကောင်းလာဖို့ ပါ
******ချစ်သူ******
                                  Min khant

 

Monday, November 11, 2013

ငါ့ရဲ့ အားနည်းချက်

မင်းမချစ်နိုင်တဲ့ငါ
ရှေ့ ဆက်တိုးလည်းအပိုပဲလို့ တော့
မင်းမထင်လိုက်ပါနဲ့ 
ငါမင်းကို ချစ်တာ အပျော်သဘော
မဟုတ်တဲ့အတွက် 
ငါ့အချစ်ကိုငါတန်ဖိုးထားတယ် 
*****ချစ်သူ*****
ခါးသီးလွန်းအောင် ငြင်းဆန်နေတဲ့
မင်းရဲ့ စကားတွေက ငါ့အတွက်တော့
ချိုမြိန်နေဆဲပါ ချစ်သူ
ဘာလို့ လည်းဆိုတဲ့အဖြေက
ရိုးရှင်းလွန်းပါတယ် 
နင်ဘာလုပ်လုပ်ချစ်နေမိတာ 
ငါ့ရဲ့ အားနည်းချက်တစ်ခုလိုဖြစ်နေလို့ ပါ
*****ချစ်သူရယ်*****
                                            Min khant


ဘ၀ဆက်တိုင်း

ချစ်သူတွေတိုင်းလို့ 
အကြာကြီး မချစ်ခဲ့ရပေမယ့်
ကိုယ် တို့ နှစ်ယောက်ချစ်ခဲ့ကြတဲ့
အချိန်ခဏလေးအတွင်းမှာ
ကိုယ့် အပေါ်အမြဲဂရုတစိုက်ချစ်ပြခဲ့တဲ့ ချစ်သူ 
မင်းကို ငါဘယ်တော့မှမေ့မှာမဟုတ်ပါဘူး
ဘ၀ပေးကုသိုလ်ကံ မကောင်းခဲ့လို့ 
ဒီဘ၀မှာ သက်ဆုံးတိုင်မချစ်နိုင်ခဲ့တာ
ငါ့ကိုယ်ငါ အရမ်းဝမ်းနည်းမိပါတယ်
ငါ ဆုတစ်ခုတော့တောင်းခဲ့ပါရစေ
ဘ၀ဆက်တိုင်းဆက်တိုင်း
ချစ်သူနဲ့ ကွေကွင်းရတဲ့ဒီလိုအဖြစ်မျိုး
မကြုံရပါစေနဲ့ လို့ ပေါ့..
မင်းကြားနိုင်ရင်ပေါ့
ငါ နောက်ဆုံးစကားတစ်ခွန်းတော့ပြောပါရစေ
ငါ မင်းကို~~အရမ်းချစ်တယ်~~ချစ်သူရယ်
                                                   Min khant 


Sunday, November 10, 2013

တိုးတိုးလေးကြေကွဲရုံပေါ့

ငါ့ဘ၀ကကြမ်းပါတယ်ဟာ..........

နင်ဝင်မလာချင်ပါနဲ့...........

နလုံးသားတစ်ခုတည်းနဲ့ နားလည်မှုတွေရပီးမှ...........

ငါ့ဘ၀ရဲံအားနည်းချက်တွေကြောင့်.............

နင့်ကိုရွေဘုံပေါ်မှာမထားနိုင်တဲ့ငါ့ကို......

နင်ထားသွားလှည့်ပါ......

ငါကျေနပ်တယ်လို့ တော့မဆိုချင်ဘူး

တိုးတိုးလေးကြေကွဲရုံပေါ့

ငါဘာတက်နိုင်မှာလဲ....

တစ်ခုတော့ပြောပါရစေ...

အရာအားလုံးထက်

မင်းကို ပို~~~~ချစ်တယ်~~~ 

                                      Min khant
 

မ အတွက် ကတိ

နင်နေမကောင်းနေတဲ့အချိန်
ငါနင့်ဘေးနားမှာ ရှိမနေတဲ့အခါ
ငါကိုယ့်ငါ ၀မ်းနည်းမိတယ် ချစ်သူရယ်
ငါ စိတ်ညစ်တဲ့ အချိန်
အခက်အခဲတွေရင်ဆိုင်နေရတဲ့အချိန်မှာ 
ငါ့ကို အမြဲအားပေးတဲ့ နင်ကို
အခုလို့ အခြေအနေမျိုးမှာ
အားပေးစကားလေးကလွဲလို့ 
ငါ့ဒီထက်ပို ချစ်မပြနိုင်ခဲ့ဘူး
မဖြစ်နိုင်ဘူးဆိုတာကို လုံးဝမပြောရဘူး
မရှိဘူးဆိုတာလည်း မပြောရဘူး
*** မောင်*** လို့ 
အမြဲတစေအားပေးစကားပြောတဲ့ 
ချစ်သူရဲ့ စကားလေးတွေက ငါ့၇ဲ့ 
မနက်ဖြန်ဆိုတာကို အသက်ဆက်ဖို့ အတွက်
အားဆေးတစ်ခုပါ
အခုအချိန်မှာ မင်းနားမှာရှိမနေပေးနိုင်တဲ့ငါ
မင်းကိုအဝေးကနေစောင့်ရှောက်ပေးရင်း
မင်းတစ်ယောက်ကိုသစ္စာရှိရှိချစ်သွားမယ်ဆိုတာ
မောင် ကတိပေးပါတယ် မရယ် 
                                     Min khant

 



Friday, November 8, 2013

'ဒီတစ်ညလဲ'

Thursday, November 7, 2013

ငွေဆိုတဲ့အရာ

မင်းနဲ့ ငါနဲ့ ပေါင်းဖက်နိုင်ဖို့ 
လိုအပ်နေတာ ငွေ
မိဘအသိုင်းအ၀ိုင်းတွေကြည်ဖြူနိုင်ဖို့ 
လိုအပ်နေတာ ငွေ
အဲ့ဒီ ငွေကြောင့် 
ငါတို့ တစ်ယောက်နဲ့ တစ်ယောက်
ဝေးသထက်ဝေးလာခဲ့တယ်ချစ်သူ
ငါ့ဘ၀ရဲ့ မပြည့်စုံမူ့ တစ်ခုကြောင့်ပေါ့
မင်းနဲ့ နီးဖို့ အဝေးတစ်နေရာမှာ
အချိန်ပြည့်အလုပ်နဲ့ နပန်းလုံးခဲ့တဲ့ငါ
တစ်နေ့ တော့ဆုံဆည်းရမယ်ဆိုတဲ့
အတွေးနဲ့ ပျော်ရွှင်နေခဲ့တယ်
အလွမ်းဆိုတာတော့ အတိုင်းမသိပဲပေါ့
ငွေ ဆိုတဲ့အရာကြီးငါတို့ နှစ်ယောက်ကို
ရူံးနိမ့်သွားတဲ့တစ်နေ့ ငါမင်းဆီအပြေးလှမ်းခဲ့တယ်
အချိန်နှောင်းသွားခဲ့ပြီချစ်သူရယ်
မင်းနဲ့ နီးရတော့မှ ခွဲခွာသွားခဲပြီပေါ့
မရှိမဖြစ်အသုံးဝင်ပါတယ်ဆိုတဲ့ ငွေ
အရာအားလုံးကိုတန်ဖိုးဖြတ်နေတဲ့ ငွေ
ဒီငွေတွေအားလုံးအခုတော့ အလကားပဲ
မင်းနဲ့ ငါရဲ့ အချစ်တွေကို ဖြတ်ဆီးခဲ့ကြတယ်
မင်းငါ့အပေါ်သစ္စာရှိခဲ့ပါတယ်
မင်းငါ့အပေါ်ယုံကြည်ခဲ့ပါတယ်
ဒါပေမယ့် ငွေဆိုတဲ့အရာကြီးက
အခုတော့ ငါတို့ နှစ်ယောက်ကို ဘ၀ခြားစေခဲပြီ
ငါတို့ နှစ်ယောက်အတွက် 
နောင်ဘ၀ဆိုတာရှိလာခဲ့ရင်
ဂုဏ်တွေ၊ငွေတွေ၊အဆင့်အတန်းတွေကင်းဝေးတဲ့
ဘ၀တစ်ခုမှာ သက်ဆုံးတိုင်ချစ်သွားပါရစေလို့ 
ငါဆုတောင်းပါတယ် ချစ်သူ 
                      Min khant



ကျေနပ်ပါတယ်

ငါ့ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ
မဟုတ်ပါဘူး
တစ်ဘ၀လုံးအတွက် မင်းငါ့ကို
ပိုင်ပါတယ်
ပေါ့ပေါ့လေးတော့မတွေးလိုက်ပါနဲ့ 
ချစ်သူ
ငါဆိုတဲ့လူကမင်းပျော်ရွှင်ဖို့ အတွက်
ဘာမဆိုစွန်လွတ်အနစ်နာခံဖို့ 
အသင့်ရှိနေသူပါ
မင်းဘ၀ထဲမှာ ငါဆိုတဲ့လူတစ်ယောက်
ရှိသလိုမရှိသလိုနဲ့ ရှိနေရင်ပဲ
ကျေနပ်နေမှာပါ
                      Min khant

Wednesday, November 6, 2013

နောင်တ

လွယ်လွယ်လေးပေးပြီး
လွယ်လွယ်လေး ဖျက်ခဲ့တဲ့
~~~~~ကတိ~~~~~
မင်းရက်စက်တယ်လို့ မပြောခင်
မင်းတော်ပါတယ်ချစ်သူ
ငါ့ လိုအရာရာမင်းပြောသမျှ
ယုံကြည်လွန်းတဲ့လူကိုမှ
မင်းလှည့်စားသွားခဲ့တယ်
အသည်းခွဲသွားရက်တယ်
ငါ့ရဲ့ ယုံကြည်မူ့ ၊တန်ဖိုးထားမူ့ ကို
အလွဲသုံးစားလုပ်ခဲ့တဲ့မင်းကို
အပြစ်မဆိုရက်ပါဘူး
ငါ့သိပ်ချစ်ခဲ့တဲ့မင်းကို စိတ်ရင်းအမှန်နဲ့ 
ဆုတောင်းပေးနေပါတယ် 
ဘယ်တော့မှ ***နောင်တ***မရပါစေနဲ့ 
                             Min khant

Goodnight


                                       http://minkhantpoems.blogspot.com/

လိုအပ်မူ့ 

ညတစ်ညရဲ့ 
သာယာတဲ့အလင်းတစ်စကို
လမင်းနဲ့ ကြယ်စင်တွေက
လင်းလက်စေသလို
ငါတို့ နှစ်ယောက်ရဲ့ အချစ်တွေ
ခိုင်မြဲနေစေဖို့ အတွက်မင်းနဲ့ ငါ
သစ္စာရှိစွာချစ်နေဖို့ လိုအပ်ပါတယ်
~~~~~~ချစ်သူရယ်~~~~~~
                              Min khant

မင်းမရှိလို့ မဖြစ်ဘူး

မင်းနဲ့ မတွေ့ ရတော့မှ
ငါမင်းကိုဘယ်လောက်ချစ်နေမိမှန်း
ငါ့ကိုယ်ငါအခုမှသိတော့တယ်
မင်းနဲ့ တွေ့ ရင် ယောကျာင်္းတန်မဲ့
ချစ်သူအပေါ်စိတ်ဆိုး စိတ်ကောက်လုပ်နေမိတဲ့ငါ
မင်းနဲ့ မတွေ့ ရတော့တဲ့အချိန်တွေကျမှ
ငါ့ကိုငါသိလိုက်ရတာတွေက
ငါ ဆိုတာ မင်းမရှိဘဲအသက်ဆက်ရှင်ဖို့ 
လုံးဝမဖြစ်နိုင်ဘူးဆိုတာ
လုံးဝသေချာတယ် ချစ်သူ 
                                 Min khant


Tuesday, November 5, 2013

ဖြစ်နိုင်ရင်

နင်တော်တော်ပင်ပန်းနေရှာမှာပဲနော်
နင်နေမကောင်းဖြစ်နေတဲ့အချိန်မှာတောင်
နင်ငါ့ကိုသတိရနေတယ်
နင်ငါ့အကြောင်းပဲတွေးနေတယ်ဆိုတာ
ငါ နင့်အတွက်စိတ်ပူတယ်ချစ်သူ
ဖြစ်နိုင်ရင်နေမကောင်းဖြစ်နေတဲ့
အချိန်လေးတော့ ဂရုစိုက်စေချင်တယ်
ငါ့ကိုခဏလေးမေ့ထားပေးပါ ချစ်သူ
မင်းမှာ သတိရခြင်းဆိုတဲ့အပူတွေပါ
ရောထွေးသွားမှာ မလိုလားဘူး
မင်း ငါ့ကိုဘယ်လောက်ချစ်တယ်ဆိုတာ
တစ်လောကလုံးထက်ငါပိုအသိဆုံးပါ
ဒါကြောင့်ဖြစ်နိုင်ရင် ငါ့ကို
ခဏလောက်မေ့ထားလိုက်ပါနော်
                                            Min khant

ငါသိပ်ကြောက်တယ်

မင်းရော...
ငါရော...
စိတ်ကူးရင်ဆန်ရမယ့်အရွယ်
မဟုတ်တော့ဘူးလို့  မင်းပြောခဲ့တယ်နော်
မင်းလဲရင့်ကျက်သူတစ်ယောက်ပါ
အသေးမွှားလေးကအစ သ၀န်တိုတက်နေတာ
ယောကျာ်းတန်မဲ့ စိတ်ကောက်တက်နေတာ..
ငါသိပ်ချစ်တဲ့မင်းကို
အဆုံးရူံးမခံနိုင်လို့ ပါ ချစ်သူရာ.......
                                           Min khant 
 

လွမ်းနေဦးမှာပါ

ဒီနေလည်းမနေ့ ကလိုပဲ
မနက်ဖြန်လည်း ဒီနေ့ လို ပဲ
တစ်နေ့ တစ်နေ့ အလွမ်းတွေနဲ့ 
ကျော်ဖြတ်နေရတဲ့ငါ
တစ်ခါတစ်လေတော့လည်း
*****အလွမ်းဆိုတာကြီးကို*****
ပိုပိုပြီးသံယောဇဉ်ဖြစ်မိလာတယ်
^^^ချစ်သူရယ် ^^^
^^^စိတ်ချပါချစ်သူ ^^^
ငါချစ်တဲ့မင်းကို ချစ်နေသရွေ့
နေ့ တိုင်းလိုလို လွမ်းနေရဦးမှာပါ
                                               Min khant
 

Sunday, November 3, 2013

တစ်ချက်လေးစောင်းငဲ့ကြည့်ဦး

ချစ်သူစုံတွဲလေးတွေ
ကြည်နူးနေတာတွေတော့
ပီတိဖြစ်မိတယ်
ချစ်သူစုံတွဲလေးတွေ
လျှောက်လည်နေတာတွေ့ တော့
ပီတိဖြစ်မိတယ်
ချစ်သူစုံတွဲလေးတွေ
စိတ်ဆိုးစိတ်ကောက်ဖြစ်နေပြန်တော့လည်း
ပီတိဖြစ်မိတယ်
ချစ်သူစုံတွဲလေးတွေ
တစ်ယောက်ကိုတစ်ယောက်ချစ်နေကြလည်း 
ပီတိဖြစ်မိတယ်
ချစ်သူနှစ်ဦးရဲ့ ပျော်ရွှင်မူ့ ကို
ဘယ်အချိန်မှပိုင်ဆိုင်နိုင်မလည်းဆိုတာ
မင်းအပေါ်မူတည်ပါတယ်ချစ်သူ
စိတ်ဓာတ်မကျပါဘူး
အားမငယ်ပါဘူး
***၀မ်းနည်းတာလေးတစ်ခုပါ***
ပြန်ဆုံမယ့်နေ့ ကိုလက်ချိုးရေတွက်ရင်း
အလွမ်းတွေနဲ့ ကျော်ဖြတ်နေရတဲ့ငါ့ကို
တစ်ချက်လေးစောင်းငဲ့ကြည့်ပေးပါ 
~~~~~~ချစ်သူရယ်~~~~~
                             Min khant 





 
 


အပင်ပန်းဆုံးအလုပ်တစ်ခု

တစ်နေ့ တစ်နေ့ 
လုပ်လိုက်ရတဲ့အလုပ်တွေ
ပင်ပန်းနေရတဲ့ စိတ်တွေ
ဘယ်လောက်ပဲများစမ်းပါစေ
ခံနိုင်ရည်ရှိပါတယ် ဒါပေမယ့်
မင်းကိုလွမ်းရတဲ့တစ်နေ့ တာက
*ငါ့အတွက်တော့*
တကယ်ပင်ပန်းတယ်ချစ်သူရယ်
                           Min khant


ထာဝရချစ်သူ

ဘ၀တစ်ကွေ့ မှာ

ခဏတာတွေ့ ခဲ့ရပေမယ့်

ငါ့အသည်းနှလုံးထဲမှာတော့

မင်းတစ်ယောက်က

ထာဝရချစ်သူအဖြစ်ရှင်သန်နေမှာပါကွာ..

                                                     Min khant

ဆုံးရူံးမူ့ 

မင်းရဲ့ .....
အရမ်းချစ်တာပဲဆိုတဲ့ 
စကားလေးနောက်မှာ
ဘာအကြောင်းအရာတွေ
ဘာကန့် သတ်ချက်တွေ
ဘာလျှိုဝှက်မူ့ တွေပါခဲ့သလဲဆိုတာ..
ငါတကယ်မသိခဲ့ပါဘူး
....ဘာပဲဖြစ်ဖြစ်ပါ.....
ငါမင်းကိုသိပ်ချစ်တယ်..
တစ်ခုတော့ပြောခဲ့ပါရစေ
မင်းက ငါ့အချစ်နဲ့ မတန်တဲ့ မိန်းမ /// 
                                                  Min khant
 
                               

တောင်းဆိုချက်

မင်းကိုလွမ်းရလွန်းလို့ 
ကျတဲ့ ငါ့မျက်ရည်တွေကပြောတယ်
မင်းတော်တော်မိုက်တာပဲတဲ့
ဟုတ်တယ်...
ငါလူမိုက်ကြီးတစ်ယောက်ဖြစ်နေပြီ
မင်းကိုမှချစ်မိခဲ့တဲ့ငါ
ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး
လွမ်းလွန်းလို့ ကျတဲ့မျက်ရည်တွေ
ကျစမ်းပါစေချစ်သူ...
လွမ်းလွန်းလို့  ငိုကြွေးခဲ့ရတဲ့ညတွေ
များစမ်းပါစေချစ်သူ..
ငါကျေနပ်ပါတယ်...
တစ်ခုတော့ပြောပါရစေ
~~~~သစ္စာရှိပါ~~~~ချစ်သူ... 
                              Min khant