Thursday, December 26, 2013

စိတ်ကူးယဉ်လူသား

လောကကြီးရယ် 
လောကဓံတရားကြီးရယ်
လူ့ ကျင့်ဝတ်ရယ်၊အရှက်နဲ့ သိက္ခာ
အရာအားလုံးကို လူသားတစ်ယောက်အနေနဲ့ 
ရင်ဆိုင်ခဲ့ရပေမယ့် အဲ့ဒီအချိန်အခိုက်အတန့် က
အရမ်းကို ရင်ခုန်စိတ်လူပ်ရှားပြီး 
ပျော်ရွှင်မူ့ ၊ကြေကွဲမူ့ ဝမ်းနည်းမူ့ အာလုံး
ကြုံတွေ့ ခဲ့ရတယ် 
ရှေ့ ဆက်ပြီးလူ့ လောကကြီးမှာ
အရာရာအတွက်အကျိုးရှိရှိနေသွားချင်ပေမယ့်
စိတ်ကူးထားတဲ့အတိုင်းဖြစ်မလာမှာတော့
စိုးရိမ်မိတာအမှန်ပါ
                        Min khant

အပယ်ခံဘဝ

ဒိုင်ယာရီ

လူတွေကတော့ထင်မယ်
ရေးလိုက်ရင်အလွမ်းအဆွေးထဲက
မထွက်တော့ဘူးလို့ ပေါ့
*****ဟုတ်တယ်ဗျ*****
အပျော်ဆိုတာဘာမှန်းမသိလောက်အောင်
ရှားပါးလွန်းနေတဲ့ ကျွန်တော့်အတွက်တော့
ကဗျာတွေ၊စာတွေ အလွမ်းအဆွေးတွေက
ကျွန်တော့်အတွက်တော့ အခုဆိုရင်
နေ့ တိုင်းရေးဖြစ်နေကြ
ဒိုင်ယာရီ စာအုပ်လေးတစ်အုပ်လို ဖြစ်နေပြီ
                     Min khant

Wednesday, December 25, 2013

ဘောင်ခတ်ခံရတဲ့ဘဝ

ပျော်အောင်နေပါလားတဲ့
ပြောထွက်လိုက်တာ ပြောရက်လိုက်တာ
အချစ်ကို ပေါ့ပျက်ပျက်တွေးခဲ့မိတဲ့
လူတစ်ယောက်ကြောင့် 
အရာရာအားလုံး လွဲမှားနေခဲ့ရတာ
သစ္စာတရားတွေ ကတိတွေအခုတော့
အရာရာက လိမ်လည်မူ့ တစ်ခုလိုပဲပေါ့
တန်းဖိုးချင်းတူတာတောင် 
ဘောင်ခတ်ခံရတဲ့ဘ၀မို့ 
နောက်ထပ်ဘယ်အရာမှ 
မမျှော်လင့်ချင်တော့တာ
အရာရာနုံချာလွန်းသူတစ်ယောက်ရဲ့ 
အားနည်းချက်တွေလား
                      Min khant

Tuesday, December 24, 2013

ဆိုးစမ်းပါစေ

ငါမှားလား မှန်လားမသိတော့ဘူး
စိတ်ရူပ်ထွေးလွန်းတဲ့အချိန် 
ဆုံးဖြတ်ချက်အားလုံးက 
အလွဲလွဲ အမှားမှားနဲ့ 
ကိုယ့်ကိုယ်ကို အပြစ်ပေးနေသလိုပဲ
အရမ်းခံစားရပြီး ခံရသိပ်ခက်တယ်
ငါ့အတွက်ဆိုပြီး ဖန်လာတဲ့ကံကြမ္မာရယ်
ဆိုးစမ်းပါစေ ဘယ်လောက်ဆိုးနိုင်မှာလဲ
သန်းကောင်ထက်ပိုပြီး ညဥ့်မနက်နိုင်တော့ပါဘူး
                                      Min khant

သံသယ(၂)

ချစ်သူရေ
မင်းကငါ့အချစ်ဦးမပာုတ်ခဲ့ပါဘူး
ငါဘာဖြစ်လို့ မင်းကိုဒီလောက်ထိ
ရူးရူးမူးမူးချစ်နေရတာလဲ
တစ်ခါတစ်ခါ ငါပြန်တွေးမိတယ်
ရင်နာပေမဲ့ ငါ မင်းကိုဘယ်လိုမှ
မုန်းလို့ မရဘူး မေ့လို့ မရဘူး ချစ်သူ
ငါတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက်
နားလည်မူ့ တွေကွဲလွဲနေတာ
အနေဝေးနေတဲ့ သံသယကြောင့်လို့ ထင်တယ်
**********ချစ်သူရယ်**********
                     Min khant

Monday, December 23, 2013

သိပ်ချစ်တော့လည်း

အချစ်စစ်ရင် 
ဟန်ဆောင်မူ့ ဆိုတာမရှိဘူး
အချစ်စစ်ရင်
လိမ်ညာမူ့ ဆိုတာမရှိဘူး
ဒီစာသားလေးအတိုင်း 
မင်းကိုငါချစ်ခဲ့တယ် အချစ်စစ်နဲ့ ပေါ့
ဒါပေမယ့် တကယ်တမ်းကျတော့
ချစ်တာတွေ သစ္စာတွေက
မင်းနဲ့ ဆန်ကျင်ဘက်ဖြစ်နေတယ်
ငါ *အ* တယ်လို့ မင်းထင်လိမ့်မယ်
ငါမင်းကိုချစ်ခဲ့ပြီးတဲ့နောက်ပိုင်း 
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ 
မင်းလုပ်ရက်နဲ့ လုပ်ဇာတ်တွေကို
မသိချင်ယောင်ဆောင်ပေးခဲ့တာ
ဒီကောင်ကြီးပေါ့ဟာ 
              Min khant

စိတ်ထွက်ပေါက်

ခံစားရတာတွေများလာတော့လည်း
အရာရာအားလုံးကိုအလိုလိုကြောက်နေမိတယ်
တစ်ခါတစ်လေ ပျော်စရာဆိုတာ
ဘာမှန်းမသိလောက်အောင်ရှားပါးနေတဲ့အခါ
စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ 
ပင်လယ်ပြင်ကြီးမှာ 
အားရပါးရအော်ပစ်လိုက်ချင်တယ်
                     Min khant

Sunday, December 22, 2013

အရင်အတိုင်းလေးပဲ

ဒီညလဲ အရင်ညလိုပဲ
အရင်ညလဲ ဒီညလိုပဲ
အရမ်းကိုအထီးကျန်ဆန်လွန်းတယ်
တစ်ခါတစ်ရံတော့ အချစ်ဆိုတာ
အကျဉ်းစခန်းထဲက ငရဲတစ်ခုလိုပါပဲ
အရမ်းပူလောင်တယ်
အလွမ်းတဲ့ ပြောတော့ရေးတော့တာလွယ်တာ
ခံစားရတဲ့ရင်ဘတ်ကြီးကတော့
ကျောက်ခဲတုံးကြီး ဆွဲထားရသလိုပါပဲ
သိသိရက်နဲ့ မိုက်မဲနေတဲ့ငါ
တစ်ယောက်သောသူကို
ဒီအတိုင်းလေးပဲချစ်လို့ လွမ်းတော့မယ် 
                       Min khant

http://minkhantpoems.blogspot.com/


 

မင်းနားလည်ရင်

လူ(၂)

Thursday, December 19, 2013

တော်ပါတယ် ဒါပေမယ့် ?

သိပ်လွမ်း သိပ်ချစ်တက်တဲ့
ချစ်သူနှစ်ယောက်ကို သံသယတွေ
မာနတွေ၊အထင်လွဲမူ့ တွေ မဖြစ်ဖြစ်အောင်
တွန်းပို့ နေတဲ့ ကံကြမ္မာရယ်
မင်းအရမ်းရက်စက်တယ် 
မင်းအရမ်းအောက်တန်းကျတယ်
မင်းတော်ပါတယ် ဒါပေမယ့်
ငါတို့ နှစ်ယောက်ကပိုတော်တယ်
ဒီလောက်မကွဲ ကွဲအောင်ခွဲနေတဲ့မင်း
အခုတော့လက်လျော့လိုက်ရပြီမဟုတ်လား
ငါတို့ နှစ်ယောက်ရဲ့ သစ္စာတရားက
ငါတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို 
ခိုင်မာစေခဲ့တာမင်းသိလောက်ပြီထင်တယ် 
                             Min khant

Tuesday, December 17, 2013

နောက်ထပ်ချစ်မယ့်သူ

တစ်ခါတစ်လေ စိတ်ပျက်လောက်အောင်
ပြောလိုက်တဲ့စကားလေးတွေကြောင့်
***၀မ်းနည်းမိပေမယ့်***
မင်းတစ်ယောက်ကိုမှ သေလောက်အောင်
ရူးရူးမူးမူးချစ်မိနေတဲ့ ငါ့ကို
ဘေးနားကနေတွန်းမထုတ်ပါနဲ့ 
မင်းကလွဲပြီးနောက်ထပ်ချစ်ရမယ့်သူ
***ငါ့မှာ မရှိလို့ ပါ***

~~~~Please~~~~  

                            Min khant

http://minkhantpoems.blogspot.com/

Monday, December 16, 2013

အရူံးထဲကအမြတ်

ချစ်သူရေ 
ကိုယ်တို့ နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်
ဘယ်လောက်ထိချစ်ကြလည်းဆိုတာ
သိလောက်ပြီလို့ ကိုယ်ထင်တယ်
တစ်ယောက်မရှိရင် မဖြစ်တဲ့လောကကြီးထဲမှာ
အရာရာအတူရင်ဆိုင်ကျော်ဖြတ်ကြမယ်ချစ်သူ
အဆိုးဆုံးအချိန်တွေနဲ့ ရင်ဆိုင်နေရတဲ့အခါ
အားမငယ်ပါနဲ့ ၊စိတ်မပျက်ပါနဲ့ ၊၀မ်းမနည်းပါနဲ့ 
လက်ရှိအချိန်ကို အရူံးလို့ သက်မှတ်မထားပါနဲ့ 
သစ္စာရှိရှိချစ်နေတဲ့ငါတို့ ကို
ကံကြမ္မာကရက်စက်ခဲ့ရင်တောင်
အပြုံးနဲ့ ရင်ဆိုင်ကြမယ်
တကယ်လို့ အရူံးဖြစ်ခဲ့ရင်တောင် 
အရူံးထဲကအမြတ်ပေါ့
                   Min khant

Sunday, December 15, 2013

သစ္စာမဲ့သူ

ခံစားရပါတယ်
ပြောမပြတက်လောက်အောင်ပေါ့
လွမ်းရပါတယ်
အတိုင်းမသိပေါ့ 
ကြေကွဲရပါတယ် နေ့ တိုင်းပေါ့
တန်ဖိုးထားခဲ့တာတွေ၊သစ္စာရှိခဲ့တာတွေ
အလကားပါပဲ၊တကယ်တော့ အချစ်ဆိုတာ
ဘယ်လောက်ပဲတန်ဖိုးထားခဲ့ပါစေ
ဘယ်လောက်ပဲသစ္စာရှိခဲ့ပါစေ
အချစ်ကို အမုန်းနဲ့ တန်ဖိုးဖြတ်ခဲ့သူကြောင့်
အချစ်ခြင်းတူရင်တောင် ဘောင်ခတ်ခံခဲ့ရတဲ့ဘ၀ပါ
မင်းတစ်နေ့ တော့ ငါ့ရဲ့ နားလည်ခြင်းတွေမြင်ပါလိမ့်မယ်
                     Min khant

Wednesday, December 11, 2013

11.12.13

*******11.12.2013*****

11.12.13 တဲ့ တကယ်ကိုထူးခြားတဲ့
နေ့ လေးတစ်ရက်ဆိုတာဟုတ်ပါတယ်
ဘယ်တော့မှ လဲ ဒီနေ့ ဒီလ ဒီနှစ်လေးကို
ပြန်မရောက်နိုင်တော့ပါဘူး 
ဘယ်လောက်ပဲထူးခြားတဲ့ နေ့ ကလေးဖြစ်ပါစေ
ငါမပျော်နိုင်ပါဘူးချစ်သူ
အနေဝေးနေတဲ့ငါတို့် အတွက်တော့
အပျော်ဆိုတာေ၀၀ါးဝါးအလင်းတစ်စက်ပေါ့
အလွမ်းတွေနဲ့ ကျော်ဖြတ်နေရတဲ့ငါတို့ နှစ်ယောက်
မပျော်နိုင်ဘူးဆိုပေမယ့် ဒီနေ့ လေးကို
အသိအမှတ်တော့ပြုပေးလိုက်ကြရအောင်
                                    Min khant

 
This date will never come back again




Tuesday, December 10, 2013

ခံစားချက်လေးတွေ(၂)

ငါရေးနေတာ
ကဗျာလည်းမဟုတ်
စားသားလည်းမဟုတ်
ခံစားချက်လေးတွေပါ
ခံစားချက်ဆိုတာ အရမ်းကို
**တန်ဖိုးကြီးပါတယ်***
ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ မရေးတက်ပါဘူး
တီတီတာတာ မချွဲတက်ပါဘူး
ဖတ်လို့ ဆီလျှော်အောင် 
စကားပိုလေးတွေထည့်ထားရုံသက်သက်ပါ
ခံစားချက်ရှိရင်တော့ဖတ်ပေါ့
ကျွန်တော့်ရဲ့ ကဗျာမဟုတ်၊စာသားမဟုတ်
ခံစားချက်လေးတွေကိုပေါ့ 
                    Min khant 


လွမ်းရတဲ့အချိန်

အချိန်တွေကအလွမ်းတွေကို
တိုက်စားသွားခဲ့တယ်
တစ်နေ့ တာကုန်လွန်သွားချိန်တိုင်း
ငါမင်းကိုသတိရနေပါတယ်
အလွမ်းဆိုတာတော့အတိုင်းမသိပေါ့
ငါလွမ်းသလိုမင်းလည်းလွမ်းနေမယ်ဆိုတာ
ငါအပြည့်အ၀ယုံကြည်ပါတယ်
***အချိန်ပြည့်အလုပ်နဲ့ ***
တစ်နေတာကုန်လွန်နေတဲ့ငါ
ပင်ပန်းတယ်ဆိုပေမယ့် 
မင်းကိုလွမ်းရတဲ့အချိန်လောက်တော့
မပင်ပန်းပါဘူး ချစ်သူရယ် 
                       Min khant

Sunday, December 8, 2013

မင်းအရင်လိုမဟုတ်တော့ဘူး

မင်းအရင်လိုမဟုတ်ဘူးနော်
အရင်လိုပါပဲလို့ တော့မပြောလိုက်ပါနဲ့ 
မင်းအရင်လိုမဟုတ်တာသေချာတယ်
ချစ်သူတစ်ယောက်ရဲ့ 
ဂရုစိုက်မူ့ ၊စိုးရိမ်ပူပန်မူ့ အားလုံး
အရင်လိုမဟုတ်တော့ဘူး
ဝေးနေလို့ များသွေးအေးနေတာလား
*****ပြောပါ*****
အရင်လို ဂရုမစိုက်နိုင်တော့ရင်
အရင်လို သတိမရနိုင်တော့ရင်
အရင်လို မလွမ်းနိုင်တော့ရင်
ငါတစ်ယောက်တည်းမခံစားချင်တော့ဘူး
မပျော်ရာမှာပျော်သလိုနေနေကြတဲ့
ငါတို့ နှစ်ယောက်ပြန်ဆုံနိုင်ဖို့ အတွက်
အခုအချိန်အလိုအပ်ဆုံးက 
နွေးထွေးမူ့ သံယောဇဉ်လေးတစ်ခုပါ
သေချာတာတစ်ခုတော့ပြောပါရစေ
မင်းအရင်လိုမဟုတ်တော့ဘူး ချစ်သူ
                           Min khant
 
 

Thursday, December 5, 2013

ခံစားချက်ရှိသူရဲ့ ခံစားချက်

စိတ်ညစ်တိုင်းသာ ကျရူံးမယ်ဆိုရင်
နေတိုင်းလိုလို ကျရူံးနေတာငါပေါ့
ပျော်စရာတွေငါ့အတွက်ရှားပါးလွန်းပြီး
ဝမ်းနည်းမူတွေနဲ့ ဖြတ်သန်းနေရတဲ့ငါ
****တစ်ခါတစ်လေတော့****
အရမ်းအထီးကျန်ဆန်ဝမ်းနည်းမိပါတယ် 
                         Min khant


အငယ်တစ်ယောက်ရဲ့ ပွင့်လင်းမူ့ 

ငါဆိုးတယ်ဆိုတာ 
မင်းငါ့ကိုပိုဂရုစိုက်အောင်လို့ ပါ
ဒါကိုမင်းအခုတော့ ငြိုငြင်နေပြီလားချစ်သူ
ငါ့ရဲ့ ပွင့်လင်းမူတွေကြောင့် 
ချစ်တယ် လို့ ပြောခဲ့တာမင်းပါ
ဒါပေမယ့် အရမ်းပွင့်လင်းတော့
မကောင်းဘူးဆိုတာ ငါ့ကိုယ်ငါသိလိုက်ရတဲ့အချိန်
အရမ်းဝမ်းနည်းမိပါတယ်
ငါပြင်ပါ့မယ် ငါ့ရဲ့ ပွင့်လင်းမူ့ တွေကို
ငါပြင်ပါ့မယ် မင်းအပေါ်ဆိုးချင်စိတ်တွေကို
အငယ်တစ်ယောက်ရဲ့ ကလေးအမူအရာနဲ့ 
ဆိုးချင်တဲ့စိတ်၊ပွင့်လင်းလွန်းတဲ့စိတ်ကို
ဒီနေ့ ကစပြီးပြင်လိုက်တော့မယ် ချစ်သူရယ်  
                                  Min khant



Tuesday, December 3, 2013

ထပ်တူညီအသည်း

ချစ်သူရေ
ကိုယ်တို့ နှစ်ယောက်ချစ်နေတာကို
မနာလိုဖြစ်နေတဲ့သူတွေမရှိပါဘူး
ငါ ကိုယ်တိုင် က မနာလိုသ၀န်တို
ဖြစ်နေရတာအမှန်ပါ
ဘာကြောင့်လဲလို့ တော့မမေးပါနဲ့ 
ငါ မဖြေချင်ဘူး ချစ်သူ
မင်းရဲ့ အားသာချက်၊အားနည်းချက်မှန်သမျှ
လူတွေအားလုံးထက်၊မင်းထက်ကို 
ငါကအရာရာသိနေတယ်
မင်းပျော်ရွှင်ရင် ကိုယ်ပျော်မယ်
မင်းစိတ်ညစ်နေရင် ကိုယ်စိတ်ညစ်မယ်
အသည်းချင်းထပ်တူဖြစ်နေတဲ့
ငါတို့ နှစ်ယောက် အခက်အခဲတွေရင်ဆိုင်ရင်း
သက်ဆုံးတိုင်ချစ်သွားကြမယ်နော် 
                      Min khant
 

Monday, December 2, 2013

မျှော်လင့်ချက်(၂)

အချစ် ကို အမုန်းနဲ့ တော့အဆုံးမသတ်ချင်ဘူး
အချစ် ကို အချစ်နဲ့ ပဲအဆုံးသတ်ချင်တယ်
ချစ်သူတွေတိုင်းလို့ သာယာမူ၊ပျော်ရွှင်မူ့ 
အပြည့်အ၀မရှိကြပေမယ့်
မျှော်လင့်ချက်အိမ်မက်တွေနဲ့ 
ပျော်ရွှင်နေကြတဲ့ ငါတို့ နှစ်ယောက်ရဲ့ 
အချစ်မှာ အလွမ်းတွေနဲ့ ပြည့်နှက်နေပါတယ်
သိပ်မကြာခင်အချိန်မှာပြန်တွေ့ နိုင်မယ်ဆိုတာ
ကြိုသိနှင့်ပေမယ့် တစ်ကယ်တမ်းကျတော့
စောင့်စားနေရတဲ့အချိန်တွေက
သိပ်ကြာလွန်းပါတယ် 
အားမလျော့ပါဘူး စိတ်ဓာတ်မကျပါဘူး
ပြန်ဆုံနိုင်မယ်အချိန်ကိုတွေးပြီး 
ကြည်နူးနေမိတာပါ
ငါမျှော်လင့်သလို့ ဖြစ်လာခဲ့မယ်ဆိုရင်
ဒီကမ္ဘာမှာ သိပ်ပျော်နေပါတယ်ဆိုတဲ့ချစ်သူတွေ
ဒီကမ္ဘာမှာ သိပ်ချစ်ပါတယ်ဆိုတဲ့ချစ်သူတွေထက်
ကံအကောင်းဆုံးနဲ့ ပျော်ရွှင်ဆုံးလူသားတစ်ယောက်က
*****ကိုယ်ပဲဖြစ်မှာပါ*****
                             Min khant

Sunday, December 1, 2013

သူငယ်ချင်းတွေပြောတဲ့ခံစားချက်

သူငယ်ချင်းတွေပြောတဲ့ 
***ခံစားချက်ဆိုတာ***
အရမ်းတန်ဖိုးကြီးတယ်ဆိုတာ
***လက်ခံပါတယ်***
အရမ်းတန်ဖိုးကြီးပါတယ်ဆိုတဲ့
***ခံစားချက်ဆိုတာ*** 
လူတိုင်းကိုယ်စီရှိကြမှာပါ
ရှိတဲ့ ခံစားချက်တိုင်းလည်းမတူပါဘူး
တစ်ဦးနဲ့ တစ်ဦးမတူညီတဲ့ ခံစားချက်ကို
နားလည်းမပေးရင်နေပါ မလှောင်ပါနဲ့ 
ပေါ့ပျက်ပျက်မပြောပါနဲ့ 
ဘာလို့ လဲဆို့ တော့
တစ်ဖက်သားရဲ့ ခံစားချက်က
အရမ်းတန်ဖိုးကြီးနေလို့ ပါ 
              Min khant
pky40.kaunglay@gmail.com



Saturday, November 30, 2013

မင်းနဲ့ နီးဖို့ 

မိုးတွင်းမှာ မိုးမရွာဘူး
ဆောင်းတွင်းမှာ မိုးတွေရွာနေတယ်
တန်ခူးလမှာ ပိတောက်မပွင့်ဘူး
ကဆုန်လမှာ ပိတောက်တွေပွင့်နေတယ်
အရာရာဖောက်ပြန်နေတဲ့ လောကကြီးထဲမှာ
***ဘယ်သူ့ ကိုမှမယုံပါနဲ့ ***
ကိုယ့်တစ်ယောက်ကိုတော့ယုံစေချင်တယ်ချစ်သူ
အပိုတွေမပြောတက်ပါဘူး 
ရင်ထဲကစကားတစ်ခွန်းဆိုပါရစေ
***အချိန်တိုင်း လွမ်းနေတယ်***
ဖောက်ပြန်တယ်ဆိုတာ 
တချို့ တစ်ချို့ သောအရာတွေဟုတ်လိမ်မယ့်
မင်းနဲ့ နီးဖို့ ကြိုးစားနေတဲ့ ငါ့အတွက်တော့
ယုံကြည်မူ့ နဲ့ သစ္စာတရားပဲရှိပါတယ်
စိတ်ကူးယဉ်ဆန်ရမယ့်အရွယ်မဟုတ်တဲ့အတွက်
ငါတို့ နီးနိုင်ဖို့ လက်တွေ့ ကျကျ အလွမ်းတွေကို
အချစ်တွေနဲ့ အတူကျော်ဖြတ်ကြမယ် ချစ်သူရယ် 
    _____ Fighting ____
   ______Promise____
                                     Min khant 




Friday, November 29, 2013

ရင်ဖွင့်ချက်

ကဗျာတွေလည်းမရေးချင်တော့ဘူး
စားသားတွေလည်းမရေးချင်တော့ဘူး
တစ်ခါတစ်လေ အရမ်းစိတ်ညစ်တဲ့အချိန်
တစ်ယောက်ယောက်ကို ရင်ဖွင့်ချင်ပေမယ့်
ဘယ်သူတစ်ဦးတစ်ယောက်ကမှ
ငါ့ခံစားချက်တွေကို
နားထောင်ပေးမယ့်လူမရှိခဲ့ဘူး
ပေါ့ပျက်ပျက်နဲ့ အမြဲလှောင်ရယ်ခံခဲ့ရတယ်
စိတ်ထွက်ပေါက်ရှာတဲ့ အနေနဲ့ 
ရှေ့ ဆက်ပြီး ကျွန်တော်
ကဗျာတွေ၊စာသားတွေဆက်ရေးဖြစ်နေဦးမှာပါ
                                Min khant 

pky40.kaunglay@gmail.com
 

လွန်ဆန်မရနိုင်တဲ့ အချစ်

အရင်ကအချစ်ကို မကိုးကွယ်ခဲ့တဲ့ငါ
အခုတော့အချစ်ကို ယုံယုံကြည်ကြည်နဲ့ 
ကိုးကွယ်တက်နေပြီ
အရင်ကအချစ်ဆိုတာ ဘာမှန်းမသိတဲ့ငါ
အခုတော့အချစ်ဆိုတာကြီးကို 
နက်နက်နဲနဲ သိလာခဲ့ပြီ
သဘာဝတရားကိုလွန်ဆန်လို့ မရဘူးဆိုတာ
*****သိနားလည်လာတယ်*****
*****ဒီတော့*****
ငါ မကိုးကွယ်ခဲ့ဖူးတဲ့အချစ်
ငါ မယုံကြည်ခဲ့တဲ့အချစ်ကို
ယုံယုံကြည်ကြည်နဲ့ ဆက်ပြီး 
ကိုးကွယ်သွားမယ်ဆိုတာ.....?
            Min khant

Thursday, November 28, 2013

ဆုံနိုင်ခွင့်တစ်နေ့ 

အလွမ်းတွေနဲ့ အတူ
မိုးလင်းခဲ့ရတဲ့ မနက်တွေလည်းများခဲ့ပြီ
အလွမ်းတွေနဲ့ အတူ
မိုးချုပ်ခဲ့ရတဲ့ ညတွေလည်းများခဲ့ပြီ
ဖြစ်ချင်နေတဲ့ငါ့ဆန္ဒတွေလည်း
တစ်ခုမှအရာမထင်ခဲ့ဘူး 
အိမ်မက်တွေဆိုတာတော့ အဝေးဆုံးမှာပေါ့
စိတ်ဓာတ်မကျမိပါဘူး
ဝမ်းနည်းမိတာလေးတစ်ခုပါ
မျက်ရည်မကျမိပါဘူး
ပျော်အောင်မနေတက်တာလေးတစ်ခုပါ
ဝေးနေကြတဲ့ ငါတို့ နှစ်ယောက်
ဒီဘ၀ပြန်မဆုံဖြစ်ခဲ့ရင်
နောက်ဘ၀မှာလည်းပြန်မဆုံချင်တော့ဘူး
နောက်ဘ၀ထိမခံစားချင်တော့ဘူး
ဒါကငါ့ရဲ့ ခံစားချက်တစ်ခုပါ
***ငါယုံကြည်ပါတယ် ချစ်သူ***
ဝေးနေကြတဲ့ ငါတို့ နှစ်ယောက် 
*****တစ်နေ့ တော့*****
ဆုံဆည်းနိုင်လိမ့်မယ်ဆိုတာ.....?
             Min khant

လူဆိုတဲ့လူတွေ

သြော်
လူတွေလူတွေ
ငါလဲလူ၊မင်းတို့ လည်းလူ
လူလူချင်းအတူတူပဲလို့ ထင်ထားခဲ့တာ
ငါသိပ်မှားသွားခဲ့တယ် 
လူလူချင်းဆိုတဲ့ နာမ်စားတူပေမယ့်
စိတ်သဘောထား၊အကျင့်စရိုက်တွေ
တစ်စက်ကလေးမှမတူဘူး
အရောင်အမျိုးမျိုးနဲ့  
ငါနားလည်သွားပါပြီ လူဆိုတဲ့
လူတွေရဲ့ အကြောင်းကိုပေါ့ 
                       Min khant

Monday, November 25, 2013

*ဖွင့်မပြောရဲတဲ့စကားတစ်ခွန်း*

မသိတာလား 
မသိချင်ယောင်ဆောင်နေတာလား
ကောင်မလေးရယ်
တစ်ခါမှမခံစားဖူးတဲ့ ခံစားချက်မျိုး
မင်းနဲ့ တွေ့ တိုင်းခံစားနေရတယ်
ငါ့ကိုယ်ငါတောင် အံသြမိတယ်
အခုတော့ငါယုံသွားပြီ
အချစ်ဆိုတာကြီးကိုပေါ့
ခံစားတက်လာခဲ့ပြီ
အချစ်ဆိုတဲ့ အက္ခရာကြီးကိုပေါ့
***မင်းကြောင့်***လို့ မပြောချင်ပေမယ့်
***မင်းကြောင့်***ပါချစ်သူ
ကြိတ်ပြီးမခံစားချင်တော့ဘူး
ဖွင့်ပြောဖို့ လည်းကြောက်တယ်
စာသားလေးနဲ့ မရဲတရဲ ရင်ဖွင့်ပါရစေ
***ကို မင်း ကို***
***သိပ်ချစ်တယ်***
            Min khant
 

ပြေးနေတဲ့ အချစ်

အချစ်ဆိုတာ လိုက်ရင်ပြေးတယ်တဲ့
ငါကျတော့ အချစ်ကိုမလိုက်ပဲ 
သူဘာလို့ ပြေးနေတာလဲ ငါမသိဘူး
ငါရပ်နေတာပါ မင်းဘာလို့ ပြေးနေတာလဲ
ပုံမှန်လေးပဲသွားပါ မင်းမောလိမ့်မယ်
ငါ့ကမင်းကိုလိုက်နေတဲ့သူမဟုတ်တဲ့အတွက်
မင်းပဲ ပင်ပန်းနေလိမ့်မယ် 
ငါကတော့အချစ်မပြောနဲ့ 
ကိုယ့်ခြေထောက်ပေါ်တောင်
မရပ်တည်နိုင်သေးတဲ့လူတစ်ယောက်ပါ
သတိတစ်ခုတော့ပေးလိုက်မယ်
မင်းပြေးမနေပါနဲ့ တော့
                 Min khant

Sunday, November 24, 2013

*တစ်ခုတည်းသော ဆန္ဒ*

ငါတို့ နှစ်ယောက်ရဲ့ 
အမှတ်တရနေ့ လေးက
တစ်နေ့ ကနေ တစ်လ
တစ်လ ကနေ တစ်နှစ်
ပြည့်တော့မယ်ချစ်သူ
ငါ့ရဲ့ တစ်ခုတည်းသောဆန္ဒက
တစ်နှစ်မဟုတ်ဘူး 
တစ်သက်ချစ်ချင်တာပါ
မဖြစ်နိုင်ဘူးဆိုတာမရှိဘူး
မဖြစ်သေးတာပဲရှိတာပါ
ငါတို့ နှစ်ယောက်ပျော်ရွင်မူ့ ၊၀မ်းနည်းမူ့ 
အရာအားလုံးကို မျှဝေခံစားပြီး
သက်ဆုံးတိုင် ချစ်သွားကြမယ်ဆိုတာ
ငါရဲ့ တစ်ခုတည်းသော ဆန္ဒပါ 
*****ချစ်သူရယ်*****
                      Min khant
(25.11.2013) _____8 months Anniversary day

http://minkhantpoems.blogspot.com/


သိပ်တော်လွန်းတဲ့ချစ်သူ

ဘယ်မှာလည်း အခုတော့
မင်းသိပ်ကိုးကွယ်ပါတယ်ဆိုတဲ့
ကတိတွေ၊သစ္စာတရားတွေ
မင်းသိပ်တန်ဖိုးထားပါတယ်ဆိုတဲ့
***ယုံကြည်မူ့ တွေ***
မင်းကိုသိပ်မုန်းတယ်ဆိုတာထက်
ရွံကြောက်ကြီးဖြစ်သွားပြီ
***ချစ်တယ်***ဆိုတဲ့စကားကို
ဖောဖောသီသီသုံးပြီး နောက်ဆုံးတော့ 
လူတစ်ယောက်ရဲ့ အချစ်ကို 
လိမ်ညာပြီးရက်ရက်စက်စက်
အသည်းခွဲခဲ့တယ် တော်ပါတယ်လို့ မပြောချင်ဘူး
မင်းလုပ်သွားတဲ့အကွက်တွေက
ပညာပါပြီးတကယ်ကိုသေသပ်လွန်းပါတယ်
မင်းအတွက်သေချာတဲ့ စကားတစ်ခွန်းက
မင်းတစ်နေ့ နောင်တရလိမ့်မယ် ဆိုတာ.....? 

 

ချစ်သူရေးသောကဗျာ

အရမ်းလှတဲ့ ဆောင်းနံနက်ခင်းဟာ
ငါ့ကိုလှောင်နေသလို ဝသုန်မိုးတွေနဲ့ 
ခပ်ရေးရေးမြင်ရတဲ့
တောင်တန်းတွေ ပြိုဆင်းတော့မလို
နွေရာသီရဲ့ ခြောက်သွေ့ ခြင်းဟာ
ငါရဲ့ အလွမ်းတွေကို ထိုင်းမှိုင်းခွင့်ပေးတယ်
မင်းဆိုတဲ့ ကောင်လေး တစ်ယောက်က
ဘာကြောင့်များ အလွမ်းတွေလာလာ ပေးနေရတာလဲ
လွမ်းတယ်ဆိုတာထက် မေ့မရတာ ခက်တယ်။ ။ 
                   Min khant
            

Saturday, November 23, 2013

ထာဝရချစ်သူ

ဘ၀တစ်ကွေ့ မှာ
ခဏတာတွေ့ ခဲ့ရပေမယ့်
ငါ့အသည်းနှလုံးထဲမှာတော့
မင်းတစ်ယောက်ကငါ့ရဲ့ 
ထာဝရ ချစ်သူပါ
ငါ့အတွက် အမြဲအနစ်နာခံပြီး
ချစ်ပြခဲ့တဲ့ မင်းကို ဘယ်တော့မှ
မေ့မှာမဟုတ်ပါဘူး
ဆုံဆည်းခွင့်မရှိနိုင်တဲ့ငါတို့ နှစ်ယောက်
နားလည်ရခက်တဲ့လူတွေကြောင့်
မျှော်လင့်ချက် အိမ်မက်တွေပျက်စီးခဲ့ရပေမယ့်
ငါဘ၀ရဲ့ ထာဝရချစ်သူက နင်ပဲဖြစ်မှာပါ
                          Min khant
 Min khant(pky40.kaunglay@gmail.com)

White love

ငါနဲ့ ပက်သက်တဲ့အရာတိုင်း
မင်း ပျော်ရွှင်ခဲ့ရသလို
မင်းနဲ့ ပက်သက်တဲ့အရာတိုင်း
ငါ ငိုကြွေးနေခဲ့ရတာ..
ဘာကြောင့်လဲ....?
ရိုးရိုးလေးပဲစဉ်းစားကြည့်ပါ
ငါ့ရဲ့ အချစ်ကဖြူစင်တယ်
ငါ့ရဲ့  အချစ်ကဟန်ဆောင်မူ့ ကင်းတယ်
ငါ့ရဲ့ အချစ်မှာ မာနမရှိဘူး
သံသယ ဆိုတာတော့ဝေးသထက်ဝေးပေါ့
အဲလို့ အချစ်မျိုးနဲ့ မင်းကိုငါ့ချစ်ခဲ့တာပါ
သေချာတယ်..
မင်းကိုချစ်ခဲ့လို့ ငါဘယ်တော့မှ
နောင်တမရပါဘူး..

~~~ငါမင်းကိုသိပ်ချစ်တယ် ချစ်သူရယ်~~~~

ဒါပေမယ့်....
ငါ့မျက်ဝန်းထဲက မျက်ရည်တွေ
ဘယ်အချိန်ထိမြေခနေဦးမလဲဆိုတာ......?
                             Min khant 

i miss you

လွမ်းတယ် ချစ်သူရယ်
တစ်နေ့ တစ်နေ့ လွမ်းနေရတာ
အခုဆိုတော်တော် ပင်ပန်းနေပြီ
ချစ်လို့ လွမ်းနေရတာဆိုပေမယ့်
တစ်ခါတစ်လေတော့ အရမ်းငြီးငွေ့ တယ်
_______________
မခံစားချင်တော့ဘူး 
အလွမ်းတွေကို
မဆွေးချင်တော့ဘူး
အလွမ်းတွေကို
______________
ချစ်လို့ လွမ်းနေရတာဆိုပေမယ့် 
လွမ်းဖို့ ချစ်ခဲ့တာမှ မဟုတ်တာ
အလွမ်းဆိုတာကြီးကိုကြောက်နေပေမယ့် 
ငါသိပ်ချစ်နေတဲ့မင်းကို
ကြောက်ကြောက်နဲ့ ဆက်ပြီးလွမ်းနေရမှာပါ
***** ချစ်သူရယ် *****
              Min khant

Wednesday, November 20, 2013

Best Friends Forever

နံနက်ခင်း အလင်းရောင်တစ်စ
ညအချိန် အလင်းရောင်တစ်စ
သူ့ အလင်းနဲ့ သူတော့တောက်ပပါတယ်
မင်းလည်းမင်းကိုယ်ပိုင်
အစွမ်းအစတစ်ခုတော့ရှိသလို
ငါလည်းငါ့ကိုယ်ပိုင်
အစွမ်းအစတစ်ခုရှိတယ် သူငယ်ချင်း
မင်းစိတ်ဓာတ်မကျပါနဲ့ 
မင်းအားမငယ်ပါနဲ့ 
ရင်ဆိုင်လိုက်စမ်းပါ
အနိမ့်အမြင့်အတက်အကျရှိတဲ့ လောကဓံကို
မင်းခံနိုင်ရမယ် သူငယ်ချင်း
ငါလည်းမင်းလိုပါပဲ အရာရာကျရူံးဖူးပါတယ်
ငါလည်းမင်းလိုပါပဲ အရမ်းစိတ်ဓာတ်ကျဖူးပါတယ်
ဒါပေမယ့် ဘယ်တော့မှအားမလျှော့ခဲ့ဘူး 
အနိမ့်အမြင့်အတက်အကျရှိတဲ့ လောကဓံကိုပေါ့
အခုအချိန်မှာမင်းလည်းငါလိုစိတ်မျိုးမွေးရမယ်
******သူငယ်ချင်း****** Fighting
                                                 Min khant
B F F


မင်းယုံနိုင်မလား

သတိရတယ်ဆိုတာထက်ပိုတယ်
လွမ်းတယ်ဆိုတာထက်ပိုတယ်
ခိုင်းနိုင်းစရာမရှိလောက်အောင်
ပြောမပြတက်လောက်အောင်
ဖြစ်တည်နေတဲ့ ငါ့ခံစားချက်ကို
မင်းတစ်ယောက်သိနိုင်ပါ့မလား
သေသေချာချာသိလိုက်ရတဲ့
အကြောင်းအရာတစ်ခုက
ငါမင်းကို *သိပ်ချစ်နေတယ်*ဆိုတာ
မင်းယုံနိုင်မလား ချစ်သူရယ် 
                                    Min khant 


Monday, November 18, 2013

အချစ်ရဲ့ နောက်ကွယ်


ချစ်တယ်ဆိုတဲ့ စကားလေးနှစ်လုံးက
ငါ့ဘ၀တစ်ခုလုံးကိုအရာရာပြောင်းလဲစေခဲ့တယ်
လွယ်ကူစွာသုံးနူန်းခဲ့တဲ့
စကားလေးတစ်ခွန်း
ပေါ့ပျက်ပျက်ပြောဆိုခဲ့တဲ့
စကားလေးတစ်ခွန်း
မင်းရဲ့ ချစ်တယ်ဆိုတဲ့ စကားလေးပေါ့
ဒီစကားလေး နောက်မှာ
ဘယ်အကြောင်းအရာ၊ကန့် သတ်ချက်တွေ 
ပါနေတယ်ဆိုတာ ကြိုမသိခဲ့မိဘူး
အရာရာကိုယုံကြည်စေခဲ့တာ ဒီစကား
အရာရာကိုပြောင်းလဲစေခဲ့တာ ဒီစကား
နောက်ဆုံး ဒီစကားလေးကြောင့်ပဲ
ငါ့ဘ၀တစ်ခုလုံးစုတ်ပျက်သွားခဲ့တာ
ဘယ်သူတစ်ဦးတစ်ယောက်မှ မသိလိုက်ပါဘူး  
                              Min khant



Saturday, November 16, 2013

*စိတ်ကူးယဉ်လပြည့်နေ့ *

 *****17.11.2013*****

ဒီနေ့ က တန်ဆောင်မုန်းလပြည့်နေ့ ချစ်သူ
ချစ်သူတွေတိုင်းလိုလို ဘုရားသွားကြတယ်
စုံတွဲလေးတွေလည်း ပျော်နေကြတယ်
ငါတို့ လည်းပျော်ချင်တယ် 
ဘုရားသွားချင်တယ် ဒီလိုနေ့ လေးမှာပေါ့
အခုအချိန်မှာမဖြစ်နိုင်တဲ့ အခြေအနေတစ်ခုပေါ့
စိတ်ကူးမိတာတစ်ခုက
အခုလို့ ဖြစ်ချင်တိုင်းဖြစ်မလာတဲ့အချိန်
ဝမ်းမနည်းမိဘူးချစ်သူ 
အားမငယ်မိဘူးချစ်သူ
အတိုင်းမသိလွမ်းတာ တစ်ခုပါပဲ
စုံတွဲတွေတိုင်းလို၊ချစ်သူတွေတိုင်းလို
လက်စုံဖူးမြော်ခွင့်မရပေမယ့်
ငါတို့ နှစ်ယောက်အတူ စိတ်ကူးနဲ့ 
ဘုရားဖူးကြမယ်ချစ်သူ
မင်းလည်းအာရုံပြုပြီးဆုတောင်းနော်
ငါကတော့ အများကြီးမတောင်းပါဘူး
*ဆု*တစ်ခုပဲတောင်းခဲ့ပါတယ် 
မင်းအမြန်ဆုံးနေပြန်ကောင်းလာပါစေလို့ ပေါ့
                                         Min khant


For my friends

အလုပ်သွားအလုပ်ပြန်နဲ့ 
ရက်တွေကတစ်ရက်ထက် တစ်ရက်တိုးလာခဲ့တယ်
ငါအရင်လို့ မင်းတို့ နဲ့ ဘောလုံးကန်ချင်တယ်
ငါအရင်လို့ မင်းတို့ နဲ့ လက်ဖက်ရည်ဆိုင်ထိုင်ချင်တယ်
ငါအရင်လို့ မင်းတို့ နဲ့ စနောက်နေချင်တယ်
ဒါပေမယ့် ငါဘက်ကဘယ်လိုမှမဖြစ်နိုင်တဲ့အခြေအနေတစ်ခုပေါ့
မင်းတို့ ကိုတစ်ခုပြောချင်တယ်
ငါ့ကိုမေ့မသွားကြပါနဲ့ ကွာ

@ သူငယ်ချင်းများကိုသတိရခြင်း mk feeling
                                     Min khant

Thursday, November 14, 2013

ချစ်သူသို့ 

ပစ်ထားတာတော့
မဟုတ်လောက်ပါဘူးနော်
အကြောင်းကိစ္စလေးတွေ
အခက်အခဲလေးတွေကြောင့်
ငါ့ကို မတွေ့ နိုင်တာလို့ ငါထင်တယ်
*****ချစ်သူ*****
အခုလိုမတွေ့ ရတဲ့အချိန်ဆို
တစ်ယောက်တည်းငါ့စိတ်တွေ
တွေးမိတွေးရာရှောက်တွေးနေမိတယ်
*****ချစ်သူ*****
သံသယဆိုတာတော့အဝေးမှာပါ
ငါရဲ့ စိုးရိမ်စိတ်လွန်ကဲမူ့ ကြောင့်လို့ ငါထင်တယ် 
ဘယ်အကြောင်းအရာကြောင့်မှန်းမသိပေမယ့်
 ငါမင်းကို ပြင်းပြင်းပြပြ လွမ်းနေမိတယ်ချစ်သူ
သတိရခြင်းဆိုတာတော့အတိုင်းမသိပေါ့
ငါသိပ်ချစ်တဲ့မင်းကို
ဘယ်လောက်ကြာကြာလွမ်းနေရမလဲဆိုတာ
__________ ? ____________ .
                                   Min khant

Wednesday, November 13, 2013

အနိုင်ဆိုတဲ့ အရသာ

အရူံးဆိုတာ 
ငါ့အတွက်တော့ရိုးနေပါပြီ
ရူံးရလွန်းလို့ အရူံးကိုတောင်
သံယောဇဉ် ဖြစ်လာတယ်
ထုံနေပါပြီ အရူံးကြောင့်
နေတက်ခဲ့ပါပြီ အရူံးကြောင့်
ရင်ဆိုင်နိုင်ပါပြီ အဲ့ဒီ အရူံးကြောင့်ပါပဲ
ဒါပေမယ့်
တစ်ခါတစ်လေတော့ 
*အနိုင်* ဆိုတဲ့အရသာသိချင်လို့ 
*အနိုင်* လိုချင်မိတယ်
အရာရာတိုင်းပေါ့
                  Min khant



ဆက်ရေးဖြစ်နေဦးမှာပါ

ရေးပါတယ် ကဗျာတွေ
ရေးပါတယ် စာသားတွေ
ရေးပါတယ် ခံစားချက်တွေ
ပြောကြတယ်တစ်ချို့ က
အမြဲတမ်း အလွမ်းအကြောင်း
အမြဲတမ်း အဆွေးအကြောင်း
အမြဲတမ်း အသည်းကွဲတဲ့အကြောင်း
ဟုတ်တယ်ဗျ ကျွန်တော်ခံစားချက်မှာ
ဒီအကြောင်းအရာတွေပဲရှိတယ်
ချစ်ချင်တာပေါ့ လူတိုင်းလို
ကြည်နူးချင်တာပေါ့ လူတိုင်းလို
ဖြစ်မှမဖြစ်နိုင်ပဲ 
ဆက်ရေးဖြစ်နေဦးမှာပါ 
အလွမ်းအကြောင်းတွေပေါ့ 
                                Min khant