Monday, December 16, 2013

အရူံးထဲကအမြတ်

ချစ်သူရေ 
ကိုယ်တို့ နှစ်ယောက်
တစ်ယောက်ကိုတစ်ယောက်
ဘယ်လောက်ထိချစ်ကြလည်းဆိုတာ
သိလောက်ပြီလို့ ကိုယ်ထင်တယ်
တစ်ယောက်မရှိရင် မဖြစ်တဲ့လောကကြီးထဲမှာ
အရာရာအတူရင်ဆိုင်ကျော်ဖြတ်ကြမယ်ချစ်သူ
အဆိုးဆုံးအချိန်တွေနဲ့ ရင်ဆိုင်နေရတဲ့အခါ
အားမငယ်ပါနဲ့ ၊စိတ်မပျက်ပါနဲ့ ၊၀မ်းမနည်းပါနဲ့ 
လက်ရှိအချိန်ကို အရူံးလို့ သက်မှတ်မထားပါနဲ့ 
သစ္စာရှိရှိချစ်နေတဲ့ငါတို့ ကို
ကံကြမ္မာကရက်စက်ခဲ့ရင်တောင်
အပြုံးနဲ့ ရင်ဆိုင်ကြမယ်
တကယ်လို့ အရူံးဖြစ်ခဲ့ရင်တောင် 
အရူံးထဲကအမြတ်ပေါ့
                   Min khant

0 comments:

Post a Comment