Monday, December 2, 2013

မျှော်လင့်ချက်(၂)

အချစ် ကို အမုန်းနဲ့ တော့အဆုံးမသတ်ချင်ဘူး
အချစ် ကို အချစ်နဲ့ ပဲအဆုံးသတ်ချင်တယ်
ချစ်သူတွေတိုင်းလို့ သာယာမူ၊ပျော်ရွှင်မူ့ 
အပြည့်အ၀မရှိကြပေမယ့်
မျှော်လင့်ချက်အိမ်မက်တွေနဲ့ 
ပျော်ရွှင်နေကြတဲ့ ငါတို့ နှစ်ယောက်ရဲ့ 
အချစ်မှာ အလွမ်းတွေနဲ့ ပြည့်နှက်နေပါတယ်
သိပ်မကြာခင်အချိန်မှာပြန်တွေ့ နိုင်မယ်ဆိုတာ
ကြိုသိနှင့်ပေမယ့် တစ်ကယ်တမ်းကျတော့
စောင့်စားနေရတဲ့အချိန်တွေက
သိပ်ကြာလွန်းပါတယ် 
အားမလျော့ပါဘူး စိတ်ဓာတ်မကျပါဘူး
ပြန်ဆုံနိုင်မယ်အချိန်ကိုတွေးပြီး 
ကြည်နူးနေမိတာပါ
ငါမျှော်လင့်သလို့ ဖြစ်လာခဲ့မယ်ဆိုရင်
ဒီကမ္ဘာမှာ သိပ်ပျော်နေပါတယ်ဆိုတဲ့ချစ်သူတွေ
ဒီကမ္ဘာမှာ သိပ်ချစ်ပါတယ်ဆိုတဲ့ချစ်သူတွေထက်
ကံအကောင်းဆုံးနဲ့ ပျော်ရွှင်ဆုံးလူသားတစ်ယောက်က
*****ကိုယ်ပဲဖြစ်မှာပါ*****
                             Min khant

0 comments:

Post a Comment