Tuesday, December 3, 2013

ထပ်တူညီအသည်း

ချစ်သူရေ
ကိုယ်တို့ နှစ်ယောက်ချစ်နေတာကို
မနာလိုဖြစ်နေတဲ့သူတွေမရှိပါဘူး
ငါ ကိုယ်တိုင် က မနာလိုသ၀န်တို
ဖြစ်နေရတာအမှန်ပါ
ဘာကြောင့်လဲလို့ တော့မမေးပါနဲ့ 
ငါ မဖြေချင်ဘူး ချစ်သူ
မင်းရဲ့ အားသာချက်၊အားနည်းချက်မှန်သမျှ
လူတွေအားလုံးထက်၊မင်းထက်ကို 
ငါကအရာရာသိနေတယ်
မင်းပျော်ရွှင်ရင် ကိုယ်ပျော်မယ်
မင်းစိတ်ညစ်နေရင် ကိုယ်စိတ်ညစ်မယ်
အသည်းချင်းထပ်တူဖြစ်နေတဲ့
ငါတို့ နှစ်ယောက် အခက်အခဲတွေရင်ဆိုင်ရင်း
သက်ဆုံးတိုင်ချစ်သွားကြမယ်နော် 
                      Min khant
 

0 comments:

Post a Comment