လမ်းမထက်တစ်နေရာမှာ
ပျော်ရွှင်ခဲ့ရတဲ့ အပျော်တွေ
ကြည်နူးခဲ့ရတဲ့ အရာလေးတွေက
မင်းမရှိတော့တဲ့နောက်
အရာရာအိမ်မက်တစ်ခုလိုပါပဲ
ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေရယ်
ကြည်နူးခဲ့ရတဲ့အရာလေးတွေရယ်
ပြန်မရနိုင်တော့တဲ့တစ်နေရာလေးမှာ
ပူလောင်တဲ့အလွမ်းတစ်ချို့ နဲ့ 
လမ်းမထက်တစ်နေရာမှာ
လူမသိသူမသိ တိုးတိုးလေးလွမ်းနေတာ
မင်းမရှိတော့တဲ့ ဒီနေ့ အထိပါပဲ
*****ချစ်သူရယ်*****
0 comments:
Post a Comment