ငါတို့ နှစ်ယောက်ရဲ့ အချစ်ကို
ငါတို့ နှစ်ယောက်အသိဆုံးပါ
ပိုင်ဆိုင်မူဆိုတာ ဘာမှမရှိတဲ့ဘ၀ထဲ
အဖြူရောင်လေးလှတဲ့မင်းရဲ့ အချစ်တွေကို
အရောင်မစွန်းထင်းစေချင်ဘူး
အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့ မရတဲ့
ဘ၀အတွက် ဘာမှဝမ်းနည်းမနေပါနဲ့ ချစ်သူ
ပေါင်းစပ်လို့ မရတဲ့ဘ၀ကြီးထဲ
ဂုဏ်တွေ၊ငွေတွေအဆင့်အတန်းတွေက
တံတိုင်းတစ်ခုလို ဟန့် တားနေကြတယ်
မချစ်လို့ ပြောတဲ့စကားမဟုတ်တဲ့အတွက်
နောင်တဆိုတာမရှိသင့်ဘူးလို့ ထင်တယ်
နောက်ဆုံးတစ်ခေါက်လောက်ပြောခွင့်ရှိရင်ပေါ့
ငါနင့်ကို အရမ်းချစ်ခဲ့တယ်ဆိုတာ
နင်သိခဲ့ရင်...
နင်နားလည်ခဲ့ရင်...
ငါ ကျေနပ်ပါပြီ ချစ်ခဲ့သူရယ်....
Min khant
0 comments:
Post a Comment