Saturday, March 29, 2014

အခက်အခဲဆိုတဲ့အရာ

သံလိုက်ဆိုတဲ့အရာ အဖိုနဲ့ အမ တွေ့ ရင်
အချင်းချင်းဆွဲငင်တာ သူ့ သဘာဝပါ
သက်မဲ့ဆိုတဲ့ သံလိုက်လေးတွေတောင်
ဆွဲငင်မူ့ ဓာတ်ဆွဲအားနဲ့ တွေ့ ရင်
မလွဲမသွေ ပေါင်းဆပ်ရတာပါပဲ
သက်ရှိဖြစ်တဲ့ ငါတို့ နှစ်ယောက်
ဘယ်လိုအတားအဆီးတွေပဲရှိနေပါစေ
အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ကြမယ် ချစ်သူ
ပြည်စုံမူ့ မရှိတဲ့ ငါ့ဘ၀ထဲ သာယာမူဆိုတာ
မှုန်ဝါးဝါးအလင်းတစ်စရယ်ပါ
ငါသိပ်ချစ်တဲ့မင်းကိုဆုံးရူံးဖို့ ဆိုတာ
ငါ ဆိုတဲ့ ငါ ဒီလောကကြီးမှာမရှိတော့မှ
ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်
မင်းဘေးနားမှာငါရှိနေသ၍
ငါ့ဘေးနားမှာမင်းရှိနေသ၍
အခက်အခဲဆိုတဲ့အရာတွေကို
နှစ်ယောက်အတူတူ ရင်ဆိုင်ဖြေရှင်းကြမယ် 
*****ချစ်သူရယ်*****

                                Min khant

0 comments:

Post a Comment