Wednesday, March 12, 2014

သက်ဆိုင်ခဲ့သူသို့ 

သတိရခြင်းလား
အလွမ်းဆိုတာလား
တိကျသေချာစွာမသိပေမယ့်
မတွေးပဲရောက်ရောက်လာတဲ့ပုံရိပ်တွေက
တစ်ခါတစ်လေတော့ ငါ့ကိုငါပူလောင်စေပါတယ်
အစွန်းနှစ်ဖက် မညီမျှတဲ့ငါတို့ အတိတ်အတွက်
ကံကြမ္မာကိုသာ အပြစ်တင်ဖို့ ဆိုတာလွယ်ကူပေမယ့်
တကယ်တမ်းကျတော့ လုပ်ရပ်နဲ့ လုပ်ဇာတ်တွေကြောင့်
ဝေးကွာခြင်းဆိုတဲ့ လမ်းဆုံးမှာ 
အတိတ်ကစကားသံလေးတွေနဲ့ 
မျှော်မှန်းမသိမျှော်နေခဲ့တာ 
မင်းနဲ့ ဝေးသွားခဲ့တဲ့ ဒီနေ့ ထိပါပဲ
အတိတ်က သက်ဆိုင်ခဲ့သူရယ် 
                                      Min khant



0 comments:

Post a Comment