တိကျသေချာတဲ့အဖြေတစ်ခုအတွက်
စုံလုံးကန်းနေတဲ့နားနှစ်ဖက်နဲ့ 
မျက်လုံးတစ်စုံကြောင့်
အတိတ်တွေေ၀၀ါးခဲ့ရတယ်
မှုန်ဝါးဝါးအသိတချို့ နဲ့ 
လောကကြီးကိုခြေစုံပစ်ဝင်လာခဲ့တာ
ခရီးအဆုံးမပြောနဲ့ လမ်းခုလတ်တစ်နေရာမှာ
ရပ်တန့် နေခဲ့တာကြာရောပေါ့
ရှေ့ ဆက်ရမယ့်လမ်းအတွက်
ဆက်လျှောက်ရမယ့်ခြေလှမ်းကို
စိတ်ဓာတ်ယိုင်လို့ မဖြစ်တဲ့လောကကြီးထဲ
လိုရင်းမရောက်သေးတဲ့ဘ၀တစ်ခုကို
အစပျိုးရင်း........... ?
အရင်အချိန်တွေလို
အရင်နေရာလေးမှာ
အရင်တိုင်းပါပဲ....!
Min khant
0 comments:
Post a Comment