Monday, March 31, 2014
အချစ်စစ်ဆိုတာ
သိပ်ချစ်လာတဲ့အခါ
အချစ်မှာ.......
မာနတွေ၊သိက္ခာတွေ
အနိုင်၊အရူံးတွေ
အလိုလိုပျောက်ကွယ်သွားတယ်
အရာရာကိုရင်ဆိုင်ရဲလာတယ်
သတ္တိတွေအမျိုးမျိုးရှိလာတယ်
ယုံကြည်ချက်တွေပိုခိုင်မာလာတယ်
ဒီလိုမှမဟုတ်ရင်တော့အဲဒီအချစ်က 
အချစ်စစ်လုံးဝမဟုတ်တာသေချာတယ် 
                            Min khant
မင်းမရှိတော့တဲ့နောက်
လမ်းမထက်တစ်နေရာမှာ
ပျော်ရွှင်ခဲ့ရတဲ့ အပျော်တွေ
ကြည်နူးခဲ့ရတဲ့ အရာလေးတွေက
မင်းမရှိတော့တဲ့နောက်
အရာရာအိမ်မက်တစ်ခုလိုပါပဲ
ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေရယ်
ကြည်နူးခဲ့ရတဲ့အရာလေးတွေရယ်
ပြန်မရနိုင်တော့တဲ့တစ်နေရာလေးမှာ
လမ်းမထက်တစ်နေရာမှာ
လူမသိသူမသိ တိုးတိုးလေးလွမ်းနေတာ
မင်းမရှိတော့တဲ့ ဒီနေ့ အထိပါပဲ 
*****ချစ်သူရယ်***** 
                Min khant
www.minkhantpoems.blogspot.com
Sunday, March 30, 2014
အချစ်(Love)
သိပ်ချစ်မိသွားတဲ့အချိန်က
အကြည့်တစ်ချက်ဆုံချိန်
မင်းရဲ့ အပြုံးလေးကြောင့်ပါ
အချစ်ဆိုတဲ့အရာ ဘာမှန်းမသိပေမယ့်
သူလေးရဲ့ အပြုံးတစ်ချက်ကြောင့်
တစ်ယောက်တည်း ခံစားတက်လာပြီ 
တစ်ယောက်တည်း စိတ်ကူးယဉ်တက်လာပြီ
တစ်ယောက်တည်း ပြုံးတက်လာပြီ
အရင်က ဟန်ဆောင်ကောင်းလွန်းတဲ့ငါ
အခုတော့ ဟန်မဆောင်နိုင်ဖြစ်နေပြီ
လေးလေးနက်နက်ပြောချင်တဲ့
စကားလေးတစ်ခွန်းက ကိုယ်မင်းကို
*****သိပ်ချစ်တယ်*****
                                    Min khant
Saturday, March 29, 2014
အခက်အခဲဆိုတဲ့အရာ
သံလိုက်ဆိုတဲ့အရာ အဖိုနဲ့ အမ တွေ့ ရင်
အချင်းချင်းဆွဲငင်တာ သူ့ သဘာဝပါ
သက်မဲ့ဆိုတဲ့ သံလိုက်လေးတွေတောင်
ဆွဲငင်မူ့ ဓာတ်ဆွဲအားနဲ့ တွေ့ ရင်
မလွဲမသွေ ပေါင်းဆပ်ရတာပါပဲ
သက်ရှိဖြစ်တဲ့ ငါတို့ နှစ်ယောက်
ဘယ်လိုအတားအဆီးတွေပဲရှိနေပါစေ
အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ကြမယ် ချစ်သူ
ပြည်စုံမူ့ မရှိတဲ့ ငါ့ဘ၀ထဲ သာယာမူဆိုတာ
မှုန်ဝါးဝါးအလင်းတစ်စရယ်ပါ
ငါသိပ်ချစ်တဲ့မင်းကိုဆုံးရူံးဖို့ ဆိုတာ
ငါ ဆိုတဲ့ ငါ ဒီလောကကြီးမှာမရှိတော့မှ
ဖြစ်ကောင်း ဖြစ်နိုင်လိမ့်မယ်
မင်းဘေးနားမှာငါရှိနေသ၍
ငါ့ဘေးနားမှာမင်းရှိနေသ၍
အခက်အခဲဆိုတဲ့အရာတွေကို
နှစ်ယောက်အတူတူ ရင်ဆိုင်ဖြေရှင်းကြမယ် 
*****ချစ်သူရယ်*****
                                Min khant
Friday, March 28, 2014
ဖြစ်ချင်ရာဖြစ်
တိုးတိုးလေး
ဟိုး...... တစ်ချိန်က
ချစ်ခဲ့ခြင်းတွေက မင်းမဟုတ်တဲ့မင်းကိုပါ
မင်းမရှိလည်းနေတက်နေပြီဆိုတဲ့
အတွေးတစ်ချို့ ရှိနေပေမယ့်
မင်းမမြင်နိုင်တဲ့နေရာလေးတစ်ခုမှာ
မသိမသာအလွမ်းတစ်ချို့ နဲ့ 
နေသားတကျရှိနေခဲ့ပါပြီ
မတွေးပဲရောက်ရောက်လာတက်တဲ့
အတွေးတစ်ချို့ ကြောင့်
မင်းချစ်ခဲ့တဲ့ငါ
ငါချစ်ခဲ့တဲ့မင်းကို
ဘယ်သူမှမမြင်နိုင်တဲ့နေရာလေးတစ်ခုမှာ
အရင်အတိုင်းလေးပါပဲ
တိုးတိုးလေး
သတိရနေမိတယ်ချစ်သူရယ်
                   Min khant
Wednesday, March 26, 2014
ခံစားချက်ဆိုတာ
             Min khant
ပိုင်ဆိုင်မူ့ မရှိတဲ့ ကျွန်တော်
ကို သိပ်ချစ်တဲ့မင်းကို
ဘယ်သူတွေဘာပြောပြော
မင်းကကိုယ့်ရဲ့ ပထမဦးဆုံးနဲ့ 
နောက်ဆုံးချစ်ခြင်းပါ
ပိုင်ဆိုင်မူ့ ဆိုတာမရှိတဲ့ငါ့အတွက်တော့
ပိုင်ဆိုင်ချင်ခဲ့တဲ့တစ်ခုတည်းသောဆုလာဘ်က
ငါသိပ်ချစ်နေတဲ့မင်းပါ
စွန့် လွှတ်ခဲ့ရတဲ့ ဒဏ်ရာတွေများလာတော့
ပိုင်ဆိုင်မူ့ ဆိုတဲ့အရသာကို တစ်ကြိမ်တစ်ခါတော့
အပြည့်အ၀ပျော်ရွှင်ကြည်နူးချင်မိတယ်
ေ၀၀ါးဝါးအတွေးတစ်ချို့ ကြောင့်
စိုးရိမ်နေမိတဲ့အတွေးတစ်ခုက
အရာရာမပြည့်စုံတဲ့ငါ့ကို
မင်းသာထားသွားခဲ့ရင်ဆိုတဲ့အတွေးက
ငါ့ရင်ကိုပူလောင်နေပါတယ် ချစ်သူရယ်
                                          Min khant
Tuesday, March 25, 2014
မျဉ်းပြိုင်
ပေါင်းဆပ်လို့ မရတဲ့
ချစ်ရက်နဲ့ ဝေးနေကြတဲ့
ဆုံနိုင်ခွင့်တွေေ၀၀ါးနေတဲ့
အခုအချိန်မှာ
ဘယ်သူကယ်တင်နိုင်မှာလည်း
ဘယ်သူကသနားနေမှာလည်း
မျဉ်းပြိုင်နှစ်ကြောင်းလို အမြဲပြိုင်နေတဲ့
မိဘအသိုင်းအ၀ိုင်း နှစ်ခုက
ငါတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို ဟန့် တားစေခဲ့ပြီ
နီးစပ်ခွင့်တစ်နေ့ အတွက်
ကြိုးစားနေခဲ့တဲ့ငါ ဆုံနိုင်ခွင့်ဆိုတာ
ကံကြမ္မာရဲ့ မျက်နှာသာပေးမှ
သိပ်ချစ်တဲ့ချစ်သူကိုပိုင်ဆိုင်ရဖို့ အရေး
ဘယ်သူမှမသိအောင် 
တိတ်တိတ်လေး ကြိုးစားနေတာ 
တိတ်တိတ်လေး လွမ်းနေမိတာ
တိတ်တိတ်လေး ချစ်နေရတာ
ငါပဲပေါ့ ချစ်သူရယ်   
                 Min khant
မင်းကလွဲပြီး
နှုတ်ခမ်းလေးထော်ပြီး 
စိတ်ကောက်တက်တဲ့ ချစ်သူ
စနောက်လိုက်ရင် 
မျက်ရည်လေးဝဲသွားတက်တဲ့ ချစ်သူ
တစ်ခုခုငြင်းစရာလေးတွေရှိရင်
အမြဲတမ်း အလျှော့ပေးတက်တဲ့ ချစ်သူ
ကို နားလည်လာပါပြီ မင်းရဲ့ ယုယမူ့ တွေကို
ကို နားလည်လာပါပြီ မင်းရဲ့ ဂရုစိုက်မူ့ တွေကို
ကို နားလည်လာပါပြီ မင်းရဲ့ အချစ်တွေကို
ကတိတစ်ခုတည်းကိုထပ်ခါထပ်ခါ ပေးပါရစေချစ်သူ
မင်းကလွဲပြီးနောက်ထပ်နောက်တစ်ယောက်ကို
လုံးဝမချစ်နိုင်တော့ဘူးဆိုတာ ...... 
                                    Min khant
Friday, March 21, 2014
အချစ်
အချစ် အချစ် အချစ်
လူတိုင်းလိုလိုမက်မောကြတယ်
လူတိုင်းလိုလိုမက်မောကြတဲ့
အချစ်ကို နားကြည်းနေတဲ့လူတစ်ယောက်က
အချစ်အတွက်ကြောင့်ပဲ 
အရာရာစိတ်လျှော့နေမိတယ်
အချစ်အတွက်ကြောင့်ပဲ
အရာရာစိတ်ဓာတ်ကျနေမိတယ်
လူတစ်ယောက်ရဲ့ လှည့်စားမူ့ တစ်ခုကြောင့်
ဘ၀တစ်ခုလုံးစုတ်ပျက်သွားခဲ့တာ
လူတိုင်းလိုလိုမက်မောနေတဲ့
အချစ်ကြောင့်ပါ ...
                             Min khant
Wednesday, March 19, 2014
ဆုံးရူံးခဲ့ရတဲ့ အချစ်
ဆုံးရူံးသွားခဲ့ရတဲ့ 
အချစ်တစ်ခုကို
အခုချိန်ထိငါဘာကြောင့်
တန်ဖိုးထားမက်မောနေရလည်းဆိုတာ
နားမလည်နိုင်သေးပေမယ့်
ချစ်တဲ့စိတ်တွေကတော့အရင်လိုပါပဲဆိုရင်
မင်းမှားသွားလိမ့်မယ်
ငါမင်းကိုတိုက်ဆိုင်မူ့ ရှိတိုင်း
သတိရမိတာမှန်ပေမယ့်
အခုငါ့မှာ
မင်းထက်ပိုချစ်ရတဲ့ချစ်သူတစ်ယောက်ရှိနေပြီဆိုတာ
တစ်ချိန်ကသက်ဆိုင်သူသာသိခဲ့ရင်.....?
                                      Min khant
နင်နားလည်ခဲ့ရင်...
ငါတို့ နှစ်ယောက်အသိဆုံးပါ
ပိုင်ဆိုင်မူဆိုတာ ဘာမှမရှိတဲ့ဘ၀ထဲ
အရောင်မစွန်းထင်းစေချင်ဘူး
အချစ်တစ်ခုတည်းနဲ့ တည်ဆောက်လို့ မရတဲ့
ဘ၀အတွက် ဘာမှဝမ်းနည်းမနေပါနဲ့ ချစ်သူ
ပေါင်းစပ်လို့ မရတဲ့ဘ၀ကြီးထဲ
ဂုဏ်တွေ၊ငွေတွေအဆင့်အတန်းတွေက
တံတိုင်းတစ်ခုလို ဟန့် တားနေကြတယ်
မချစ်လို့ ပြောတဲ့စကားမဟုတ်တဲ့အတွက်
နောင်တဆိုတာမရှိသင့်ဘူးလို့ ထင်တယ်
နောက်ဆုံးတစ်ခေါက်လောက်ပြောခွင့်ရှိရင်ပေါ့
ငါနင့်ကို အရမ်းချစ်ခဲ့တယ်ဆိုတာ
နင်သိခဲ့ရင်...
နင်နားလည်ခဲ့ရင်...
ငါ ကျေနပ်ပါပြီ ချစ်ခဲ့သူရယ်....
                         Min khant
Tuesday, March 18, 2014
နင်မသိအောင်
နင်မမြင်ချင်တော့တဲ့ငါ
နင်မတွေ့ ချင်တော့တဲ့ငါ
အခုတော့......
နင်မမြင်နိုင်တဲ့နေရာလေးတစ်ခုမှာ
နင်မသိအောင် တိတ်တိတ်လေး
ပျော်တက်နေပါပြီ
                            Min khant
Friday, March 14, 2014
ချစ်သူသိပါစေ
တစ်ခါတစ်လေ အလွမ်းဆိုတဲ့အရာက
ငါတို့ နှစ်ယောက်ကို ပူလောင်စေတယ်
မျှော်လင့်ချက်အိမ်မက်တွေေ၀၀ါးနေခဲ့တာ
လွမ်းနေရတဲ့ဒီနေ့ အထိပါပဲ
အလွမ်းတွေထဲမှာပျော်မြူးရင်း
အဖော်ပြုရင်း အရင်နေရာလေးမှာ
အရင်လို အလွမ်းတွေနဲ့ 
အရင်တိုင်း လွမ်းနေမယ်ဆိုတာ
ခွဲခွာနေရတဲ့ချစ်သူတစ်ယောက်သိပါစေ 
                                  Min khant
မသိမသာ အလွမ်း
ဆူညံနေတဲ့ မှန်လုံခန်းလေးထဲမှာ
အလုပ်ထဲမှာရှိပြီးဆူညံတဲ့ သံစဉ်တွေနဲ့ 
ပျော်မြူးနေတဲ့ သူတွေရှိသလို 
ဘယ်သူမှမသိအောင် တိုးတိုးလေးလွမ်းနေတာ
*******ငါပေါ့ ချစ်သူရယ်*******
                                Min khant
ဒီမေးခွန်းတွေပဲ
                        Min khant
Thursday, March 13, 2014
ဒီတစ်ညလည်း
အတွေးထဲမှာရှိတဲ့
ဆန္ဒတစ်စုံတစ်ရာကို
မှားယွင်းစွာဆုံးဖြတ်လိုက်တဲ့အချိန်
အလွမ်းဆိုတဲ့ ခံစားချက်ကြီးက
ပူလောင်စေပါတယ်
နီးရက်နဲ့ ဝေးနေတဲ့ ငါတို့ နှစ်ယောက်
ပြန်ဆုံနိုင်ဖို့ ဆုတောင်းရင်း
အလွမ်းတွေနဲ့ အတူဖြတ်ကျော်ရမယ့်နေ့ ညအတွက်
အားတင်းရင်း ဒီတစ်ညလည်း
Goodnight ပါ ချစ်သူ
                                 Minkhant
Wednesday, March 12, 2014
သက်ဆိုင်ခဲ့သူသို့ 
သတိရခြင်းလား
အလွမ်းဆိုတာလား
တိကျသေချာစွာမသိပေမယ့်
မတွေးပဲရောက်ရောက်လာတဲ့ပုံရိပ်တွေက
တစ်ခါတစ်လေတော့ ငါ့ကိုငါပူလောင်စေပါတယ်
အစွန်းနှစ်ဖက် မညီမျှတဲ့ငါတို့ အတိတ်အတွက်
ကံကြမ္မာကိုသာ အပြစ်တင်ဖို့ ဆိုတာလွယ်ကူပေမယ့်
တကယ်တမ်းကျတော့ လုပ်ရပ်နဲ့ လုပ်ဇာတ်တွေကြောင့်
ဝေးကွာခြင်းဆိုတဲ့ လမ်းဆုံးမှာ 
အတိတ်ကစကားသံလေးတွေနဲ့ 
မျှော်မှန်းမသိမျှော်နေခဲ့တာ 
မင်းနဲ့ ဝေးသွားခဲ့တဲ့ ဒီနေ့ ထိပါပဲ
အတိတ်က သက်ဆိုင်ခဲ့သူရယ် 
                                      Min khant
ဘ၀မှတ်တိုင်
တိကျသေချာတဲ့အဖြေတစ်ခုအတွက်
စုံလုံးကန်းနေတဲ့နားနှစ်ဖက်နဲ့ 
 မျက်လုံးတစ်စုံကြောင့်
အတိတ်တွေေ၀၀ါးခဲ့ရတယ်
လောကကြီးကိုခြေစုံပစ်ဝင်လာခဲ့တာ
ခရီးအဆုံးမပြောနဲ့ လမ်းခုလတ်တစ်နေရာမှာ
ရပ်တန့် နေခဲ့တာကြာရောပေါ့
ရှေ့ ဆက်ရမယ့်လမ်းအတွက် 
ဆက်လျှောက်ရမယ့်ခြေလှမ်းကို
စိတ်ဓာတ်ယိုင်လို့ မဖြစ်တဲ့လောကကြီးထဲ
လိုရင်းမရောက်သေးတဲ့ဘ၀တစ်ခုကို
အစပျိုးရင်း........... ?
အရင်အချိန်တွေလို
အရင်နေရာလေးမှာ
အရင်တိုင်းပါပဲ....!
                Min khant
Sunday, March 9, 2014
ယုံပါချစ်သူ
တစ်နေ့ တစ်နေ့ 
လုပ်ရတဲ့အလုပ်တွေရယ်.....
လွမ်းရတဲ့ အတွေးတွေရယ်က.....
ငါ့ရဲ့ စိတ်ကို အရမ်းပင်ပန်းစေပါတယ်.....
အလုပ်လုပ်ရတာထက် .....
မင်းကိုလွမ်းရတဲ့နေ့ တွေက .....
ငါ့အတွက် ပြောမပြတက်လောက်အောင်.....
ပင်ပန်းလွန်းတယ်ဆိုတာ.....
မင်းတစ်ယောက်ယုံကြည်စေချင်တယ်.....
*****ချစ်သူရယ်*****
                  Min khant
အလွမ်း
                                      Min khant
 www.minkhantpoems.blogspot.com
မဆိုင်တဲ့အလွမ်း
ဒီနေ့ ရန်ကုန်မှာ နေအရမ်းပူတယ် ချစ်သူရယ်
မလေးရှားကလေယာဉ်ပျက်ကျတာ 
လူပေါင်း(200)ကျော်ပျောက်နေတယ်
မြို့ တိုင်းလိုလိုကလည်း ဆန္ဒပြနေကြတာ
မနက်ကဟိုင်းလတ်တစ်စီး သစ်ပင်နဲ့ ဝင်တိုက်သွားပြီး
မြို့ ထဲမှာကားတွေအရမ်းကျပ်နေတော့
ငါအခု မင်းကိုအရမ်းလွမ်းနေမိတယ်
*****ချစ်သူရယ်***** 
                        Min khant
              www.minkhantpoems.blogspot.com
Thursday, March 6, 2014
လွဲနေတဲ့ခံစားချက်
လွဲနေတယ် အရာရာအားလုံး
ဘယ်လိုပြောပြရမလဲ ချစ်သူရယ်
စိတ်ဓာတ်ကျနေတဲ့အချိန်မှာ
မင်းလုပ်ရပ်နဲ့ ဆုံးဖြတ်ချက်တွေ
***အရမ်းကိုမှားနေတယ်***
ကံကြမ္မာကိုမယုံရဲ တာနဲ့ ဘ၀ကို
အရူံးပေးလိုက်တော့မလို့ လား
မဟုတ်သေးဘူးချစ်သူ အရူံးပေးတယ်ဆိုတာ
ကိုယ်ကအရူံးပေးမှ ရူံးတာပါ
လူတွေအားလုံးက ဘ၀တိုက်ပွဲကိုဝင်နေကြရတာပါ
ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကျချိန်ရှိမယ်
ဝမ်းနည်းမူ့ တွေရှိမယ် ငိုကြွေးမူ့ တွေရှိမယ်
လူတိုင်းဖြစ်မြဲပါ ဒါကြောင့် အားတင်းထားပါချစ်သူ
မင်းဘေးမှာငါရှိနေသရွေ့ 
ငါ့ဘေးမှာမင်းရှိနေသရွေ့ 
***လောကကြီးကို****
ဘယ်တော့မှ အရူံးမပေးဘူးဆိုတာ
နှစ်ယောက်စလုံးယုံကြည်ရမယ် ချစ်သူ 
                          Min khant
ခံစားချက်မရှိတဲ့ ငါ
ခံစားချက်မရှိတဲ့ညက
ခံစားချက်မရှိတဲ့ငါ့ကို
ခံစားချက်မရှိတဲ့ကောင်မလေးက
ခံစားချက်မရှိပဲ ခိုးနမ်းသွားတာ
ခံစားချက်မရှိတဲ့ ငါ
ခံစားတက်လာခဲ့ပြီ ....... 
                                       Min khant
 www.minkhantpoems.blogspot.com