ဘဝဆိုတာ
လိမ်ညာပါးနပ်စွာနဲ့
နဖါးကြိုးထိုးခံရတဲ့ နသိုးတကောင်လိုပါပဲ
ဒီ အမိမြန်မာနိုင်ငံမှာ မပွင့်မလင်း
ဝေရီဝိုးတဝါး စမ်းတဝါးဝါးနဲ့
လမ်းလျှောက်ရတဲ့ အမိမြန်မာနိုင်ငံမှာ
ငါဟာ ဒီယဉ်ကျေးမှုကို တွယ်တာတဲ့လူတယောက်ပါ
နေဝင် မိုးချုပ် အလုပ်လုပ်ကြပေမဲ့
လမ်းလျောက်ရင်းလမ်းပျောက်နေကြရတော့
ဆရာဇော်ဂျီ ရဲ့ ကဗျာလေးကို
ပြန်ရွတ်မိတိုင်း နာကျင်မိတယ်
ခေတ်ရေစီးကြောင်းအရ
ဖွံ့ဖြိုးတိုးတက်ပေမယ့်လည်း
အပျက်အစီးများနေတဲ့ ခေတ်ကြီးကိုမုန်းမိတယ်
နှစ် နှစ်ဆယ်မျှအနင်းခံဘဝက
ရုန်းထွက်လွတ်မြောက်လာသော်လည်း
ပုံပြောကောင်းတဲ့ ဦးလေးကြီးတွေက
တယောက်တမျိုး နှစ်ဆတိုးလို့ ဟောကိန်းထုတ်နေတာက
နေ့စဉ် ရက်ဆက် မပြတ်မလပ်
ကမ္ဘာ့အံ့ဖွယ်စကားတွေကြား
နားခါးတာလည်းရက်ပေါင်းမနည်းတော့
ကြားနေရတဲ့ ပုထုဇဉ်တွေက
ရယ်ရမလို ငိုရမလို ဘ၀နဲ့ 
ဖြတ်သန်းခဲ့ရတဲ့ နေ့ တွေ၊ညတွေလည်းများခဲ့ပါပြီ
ဆင်းရဲလွန်းတဲ့ဘ၀တွေ
ချို့ တဲ့လွန်းတဲ့ဘ၀တွေ
မျက်ရည်ပေါက်ကြီးငယ်ကျနေရတဲ့ဘ၀တွေထဲက
အမှန်တကယ်လွတ်မြောက်ချင်ပါပြီ
Min khant