Tuesday, October 22, 2013

တစ်ချိန်ကချစ်သူ

ချစ်သူရေ မင်းပေးခဲ့တဲ့
အလွမ်းတွေ
အနမ်းတွေက 
ငါ့အတွက်တော့ မင်းကို
ဘယ်တော့မှမမေ့နိုင်တဲ့ 
သံယောဇဉ်တစ်ခုပေါ့
မင်းငါ့ဘ၀ထဲက အပြီးအပိုင်
ထွက်ခွာသွားခဲ့တာအချိန်တွေတောင်
တော်တော်လေးကြာရောပေါ့
မင်းထားခဲ့တဲ့ငါလည်း အခုတော့
ပုံမှန်အတိုင်း နေမြဲနေတက်ခဲ့ပါပြီ
လွမ်းလားမေးရင် မလွမ်းတော့ပါဘူး
မုန်းလားမေးရင် မမုန်းတော့ပါဘူး
*****ဒါပေမယ့်***** 
တိုက်ဆိုင်မူ့ လေးတွေကြုံလာတိုင်း
သတိတော့ရမိတယ်
///တစ်ချိန်က ချစ်ခဲ့သူရယ် ///
                                                  Min khant


0 comments:

Post a Comment