Sunday, October 20, 2013

ဝေါဟာရ

ငါ ဖြတ်သန်း နေရတဲ့ ဘ၀တစ်ခုက
အရမ်းကြမ်းတမ်းတယ် 
မင်း ဖြတ်သန်း နေရတဲ့ ဘ၀တစ်ခုက
အရမ်းချိုမြိန်သာယာတယ်
မတူညီတဲ့ ဘ၀နှစ်ခုပေါင်းဖို့ ဆိုတာ
လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ စကားကို
ကြားဖူးပေမယ့် ဒီစကားက 
ငါ့အတွက်တော့ 
အားတက်စရာတစ်ခုပေါ့
ဒီ *မဖြစ်နိုင်ဘူး* ဆိုတဲ့ ဝေါဟာရကို
ငါ ပြောင်းမယ် ချစ်သူ
မင်းကိုငါပိုင်ဆိုင်ရမယ်ဆိုတာ
*လုံးဝဖြစ်နိုင်တယ်* 
                                      Min khant



0 comments:

Post a Comment