အားတင်းထားပါနော်
ငါတို့ နှစ်ယောက်ပြန်ဆုံနိုင်ဖို့ ဆိုတာ
သိပ်မကြာတော့ပါဘူးချစ်သူ
ငါတို့ နှစ်ယောက်ပြန်တွေ့ ရင်
မျက်ရည်မကျကြေးနော်
ငါတို့ နှစ်ယောက်ပြိုင်တူ
ရယ်မောလိုက်မယ် ချစ်သူ
ငါတို့ လွမ်းခဲ့ရတဲ့နေ့ တွေအတွက်
ငါတို့ ငိုကြွေးနေခဲ့ရတဲ့နေ့ တွေအတွက်
ငါတို့ ဝေးကွာနေခဲ့ရတဲ့နေ့ တွေအတွက်
ငါတို့ နှစ်ယောက်ပြန်တွေ့ ရင်
တစ်လောကလုံးကြားနိုင်အောင်
ပြိုင်တူရယ်မောလိုက်မယ် ချစ်သူ
ဒါကြောင့် ပြန်ဆုံမယ့်နေ့ အတွက်
အားတင်းထားပါနော်
Min khant
0 comments:
Post a Comment