Thursday, October 31, 2013
ကြေကွဲမူ့ နဲ့ ည
ငါတကယ်ဝမ်းနည်းတယ်ချစ်သူ
မင်းနဲ့ ကိုယ်နဲ့ ဖုန်းပြောနေကျနေ့ လေးက
ငါ့တို့ နှစ်ယောက်အတွက်တော့ 
ဘာနဲ့ မှမလဲနိုင်တဲ့ နေ့ လေးပေါ့
တစ်ခါတောင်ပျက်ကွက်မှုမရှိခဲ့တဲ့မင်း
အခုတော့ဖုန်းခေါ်တာတောင် Busy ဖြစ်နေတယ်
ငါဘယ်လို တွေးရမှာလဲ
ငါဘယ်လို ခံစားရမလဲ
ငါဘယ်လို နေရမလဲ ချစ်သူရယ်
ဒီနေ့ လို နေ့ မျိုးကို နေ့ တိုင်းလက်ချိုးရေခဲ့ပေမယ့်
အခုတော့ကွာ.....
မင်းဘက်ကဘာအကြောင်းပြချက်ပေးမလဲဆိုတာ
ငါ မသိပေမယ့် ငါ့ကိုငါသိလိုက်ရတာတစ်ခုက
ငါ အရမ်းဝမ်းနည်းတယ်ချစ်သူရယ် 
                                      Min khant 
နောက်ဆုံးတစ်ခေါက်လောက်
မင်းငါ့ကိုဖက်ထားပေးပါ ချစ်သူရယ်....
ငါမင်းနဲ့ နီးဖို့ ကြိုးစားနေတာ
ငါ့အတွက်
မရေရာတဲ့အလုပ်တစ်ခုဆိုတာ
အစကတည်းကသိနေခဲ့တယ်
ဒါပေမယ့်.....
ငါအမြဲကြိုးစားခဲ့တယ်.ငါမင်းကိုသိပ်ချစ်တယ်
အခုတော့ကွာ ငါနဲ့ မင်ရဲ့ အချစ်တွေက
အိမ်မက်တစ်ခုလို ဖြစ်ခဲ့ရပြီပေါ့
မနက်ဖြန်ဆို မင်းနဲ့ လမ်းခွဲရတော့မှာ
ငါအတွက်တော့ အသက်ရှင်လျှက်သေဆုံးသွားသလိုပါပဲ
နောက်ဆုံးတစ်ခွန်းတော့ပြောပါရစေ ချစ်သူ
~~~~~~မင်း ငါ့ ကို~~~~~~~~
နောက်ဆုံးတစ်ခေါက်တော့ဖက်ထားပေးပါနော်.. 
                                                      Min khant 
Wednesday, October 30, 2013
အချစ်ဆိုတာ
လူတိုင်းအချစ်ကို
အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြတယ်
အချစ်ဆိုတာ ရယူခြင်း
အချစ်ဆိုတာ ပေးဆပ်ခြင်း
ငါခံယူထားတဲ့အချစ်က
ရယူခြင်းလဲမဟုတ်ဘူး
ပေးဆပ်ခြင်းလည်းမဟုတ်ဘူး
တစ်ယောက်ကိုယ်တစ်ယောက်
အပြန်အလှန် သစ္စာရှိရှိချစ်နေနိုင်ရင်
အဲ့ဒါအချစ်ပဲပေါ့
သေချာတာတစ်ခုကတော့
ဒီနေ့ အချိန်ထိ အဲ့ဒီအချစ်ဆိုတာကြီးကို
လူတိုင်းအဓိပ္ပါယ်အမျိုးမျိုး
ဖွင့်ဆိုပုံခြင်းမတူသေးဘူးဆိုတာ...?????
                                      Min khant 
Tuesday, October 29, 2013
ဆန္ဒ
မနက်မိုးလင်းလို့ 
အရင်ဆုံး
တွေ့ ချင်တာက မင်းမျက်နှာ
တွေ့ လိုက်ရတာက ခြင်ထောင်
အကြားချင်ဆုံးက မင်းရဲ့ အသံလေး
ကြားလိုက်ရတာက ပဲပြုတ်ဆိုတဲ့ အဒေါ်ကြီးရဲ့ အသံ...
ငါ့မျှော်လင့်သလို ဖြစ်မလာခဲ့တဲ့
နေ့ တိုင်းဟာ...
ငါ့အတွက်တော့အမှောင်အတိပေါ့ ချစ်သူရယ်
                                    Min khant 
Monday, October 28, 2013
လွမ်းရတဲ့တစ်နေ့ 
တစ်နေ့ တာမောပန်းသမျှတွေက
ငါ့အတွက် ဘာမှမဖြစ်လောက်ပေမယ့်
မင်းကိုလွမ်းရတဲ့တစ်နေ့ တာကတော့
ငါ့အတွက်တကယ်ပင်ပန်းတယ်
~~~~~ချစ်သူရယ်~~~~~
                               Min khant
မိုက်မဲသူ
ဆူးမှန်းသိရက်နဲ့ ကို
ချစ်နေမိတဲ့ ငါ
ဘယ်လောက်နာကျင်နေပါစေ
ဘယ်လောက်ခံစားရပါစေ
                                 Min khant
!!!!!!တစ်နေ့ !!!!!!
အဝေးကိုမသွားပါနဲ့ ချစ်သူရယ်
ငါ့မှာခံနိုင်ရည်အားမရှိလို့ ပါ
အချစ်ဆုံးမင်းနဲ့ ချစ်လို့ မ၀သေးခင်
မင်းငါ့ကိုထားသွားမှာ ကိုစိုးရိမ်မိတယ်
ငါ့အကြောက်ဆုံးအရာက
!!!!!!တစ်နေ့ !!!!!!
မင်းငါ့ကို လမ်းခွဲစကားပြောလာမဲ့ အချိန်ပါ
                                     Min khant
Friday, October 25, 2013
အရိပ်ကလေး
မင်းပျော်ရင် ကိုယ်ပျော်မယ်
မင်းစိတ်ညစ်ရင် ကိုယ်လည်းစိတ်ညစ်မယ်
မင်းစိတ်ဆိုးရင် ကိုယ်ချော့မယ်
အရာရာတိုင်းမှာ မင်းဘက်ကရပ်တည်ဖို့ 
****အသင့်ပါချစ်သူ ****
'ဒါပေမယ့်' ကိုယ့်အချစ်တွေကို 
တန်ဖိုးထားဖို့ တော့ လိုအပ်တယ် ချစ်သူ
မင်း ကိုယ့်ကို လိုရာသုံးပါ
မင်းကိုယ့်ကို စိတ်ကြိုက်သုံးပါ
မင်းကျေနပ်တယ်ဆိုရင် 
မင်းပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ဘာပဲလုပ်ပေးရပါစေ
တစ်ချက်လေးတောင် ငြိုငြင်မှာမဟုတ်ပါဘူး
ဘာလို့ လဲဆိုတော့ ကိုယ်ကမင်းရဲ့
*အရိပ်ကလေး* ဖြစ်နေလို့ ပါ ချစ်သူ
                                        Min khant
တစ်နေ့ တော့
လေလိုင်းကနေတစ်ဆင့်
အလွမ်းတွေ 
အနမ်းတွေ 
ခြွေနေရပေမယ့် 
ငါလုံးဝအားမငယ်ခဲ့ဘူးချစ်သူ
ဆုံနိုင်ခွင့်တစ်နေ့ တာက 
ငါတို့ နှစ်ယောက်အတွက်
အလှမ်းဝေးလွန်းနေတယ်ဆိုပေမယ့်
တစ်နေ့ တော့ ဆုံဆည်းခွင့်ရလိမ့်မယ်လို့ 
ငါယုံကြည်တယ်ချစ်သူ
                                   Min khant
Thursday, October 24, 2013
ချစ်မှတ်တိုင်
ပျော်ပါတယ်
အရမ်းကိုပျော်တယ်
ဂုဏ်လဲယူတယ် ချစ်သူ
ငါတို့ တစ်ယောက်ကိုတစ်ယောက်
သစ္စာရှိရှိချစ်ခဲ့ကြတာ နှစ်တစ်နှစ်ရဲ့
တစ်ဝက်တာကာလကိုကျော်လွန်ခဲ့ပြီ
အတားအဆီး၊အနှောင့်အယှက်တွေနဲ့ လည်း
ကြုံတွေ့ ခဲ့ရသလို
ချစ်သူနှစ်ဦးနားလည်မူလွဲရလောက်တဲ့
အဖြစ်မျိုးလဲကြုံ တွေ့ ခဲ့ရပါတယ်
တစ်ယောက်ကိုတစ်ယောက်
မြတ်နိုးတွယ်တာစွာချစ်နေတဲ့
ငါတို့ နှစ်ယောက်အတွက်တော့
ဒီအတားအဆီးတွေက မပြောပလောက်ပေမယ့်
တော်တော်လေးခံစားခဲ့ရတယ်
ဒါပေ့မယ် သစ္စာရှိရှိချစ်နေကြတဲ့
ငါတို့ နှစ်ယောက်ကို ဘယ်လိုမှ သွေးခွဲမရခဲ့ဘူး
*ယုံကြည်မူ့ *တစ်ခုကြောင့်ပေါ့
ဘာပဲဖြစ်ဖြစ်ပါချစ်သူ
ငါတို့ နှစ်ယောက်သက်ဆုံးတိုင်ချစ်နိုင်ဖို့ 
*သံသယ* ဆိုတာမရှိသင့်ဘူးလို့ ထင်တယ်
                                                     Min khant 
Wednesday, October 23, 2013
အနမ်း
အရာရာပြောင်းလဲစေတဲ့ အနမ်း
စိတ်ပျော်ရွှင်လန်းဆန်းစေတဲ့ အနမ်း
မျှော်လင့်ချက်တွေရှင်သန်စေတဲ့ အနမ်း
ယုံကြည်မူ့ တွေ ခွန်အားတွေတက်စေတဲ့
*****အနမ်း*****
အဲဒီအနမ်းမျိုးကိုရနိုင်တာ
တစ်ဦးတစ်ယောက်သော
ချစ်သူဆီကပါ
ချစ်သူချင်းနမ်းတဲ့ အနမ်း
ဆိုရင်လည်းမမှားပါဘူး
                                 Min khant
သံသယ
နင်မမြင်နိုင်တဲ့ 
တစ်နေရာက ချစ်နေရတဲ့ငါ
ငါမမြင်နိုင်တဲ့
တစ်နေရာက ချစ်နေရတဲ့နင်
ဘယ်တော့မှ စိတ်ဓာတ်မကျကြေးနော်
ပြန်ဆုံနိုင်မယ့်အချိန်က
ငါတို့ နှစ်ယောက်အတွက်
ဝေးကွာလွန်းတယ်ဆိုပေမယ့်
မျှော်လင့်ချက်တွေ၊သစ္စာရှိမူ့ တွေနဲ့ 
*ချစ်နေကြမယ်နော်*
တစ်ခုတော့သိထားပါ ချစ်သူ
ဝေးနေရတဲ့ငါတို့ နှစ်ယောက်အတွက်
*သံသယ*ဆိုတာ မရှိကြေးနော်
                                             Min khant
သိပ်ချစ်လို့ 
ဒဏ်ရာတွေနဲ့ ငါ့ဘဝ
အရာရာနုံချာလွန်းတဲ့ ငါ့ဘ၀ထဲကို
မင်းဝင်လာရဲတယ်ဆိုတာ
ငါမယုံကြည်လို့ မဟုတ်ဘူး ချစ်သူ
အမည်းစက်တွေနဲ့ အမှောင်ဖုန်းနေတဲ့
ငါ့ဘ၀ထဲ မင်းကို ၀င်မလာစေချင်ဘူး
မင်းငါ့ကိုချစ်တယ်ဆိုရင်
မင်းငါ့ကိုမြတ်နိုးတယ်ဆိုရင်
ငါ့ဘ၀ထဲမင်းဝင်မလာပါနဲ့ ကွာ
                                               Min khant 
Tuesday, October 22, 2013
အားတင်းထားပါ
အားတင်းထားပါနော်
ငါတို့ နှစ်ယောက်ပြန်ဆုံနိုင်ဖို့ ဆိုတာ
သိပ်မကြာတော့ပါဘူးချစ်သူ
ငါတို့ နှစ်ယောက်ပြန်တွေ့ ရင်
မျက်ရည်မကျကြေးနော်
ငါတို့ နှစ်ယောက်ပြိုင်တူ
ရယ်မောလိုက်မယ် ချစ်သူ
ငါတို့ လွမ်းခဲ့ရတဲ့နေ့ တွေအတွက်
ငါတို့ ငိုကြွေးနေခဲ့ရတဲ့နေ့ တွေအတွက်
ငါတို့ ဝေးကွာနေခဲ့ရတဲ့နေ့ တွေအတွက်
ငါတို့ နှစ်ယောက်ပြန်တွေ့ ရင် 
တစ်လောကလုံးကြားနိုင်အောင်
ပြိုင်တူရယ်မောလိုက်မယ် ချစ်သူ
ဒါကြောင့် ပြန်ဆုံမယ့်နေ့ အတွက်
အားတင်းထားပါနော် 
                                                Min khant
တစ်ချိန်ကချစ်သူ
ချစ်သူရေ မင်းပေးခဲ့တဲ့
အလွမ်းတွေ
အနမ်းတွေက 
ငါ့အတွက်တော့ မင်းကို
ဘယ်တော့မှမမေ့နိုင်တဲ့ 
သံယောဇဉ်တစ်ခုပေါ့
မင်းငါ့ဘ၀ထဲက အပြီးအပိုင်
ထွက်ခွာသွားခဲ့တာအချိန်တွေတောင်
တော်တော်လေးကြာရောပေါ့
မင်းထားခဲ့တဲ့ငါလည်း အခုတော့
ပုံမှန်အတိုင်း နေမြဲနေတက်ခဲ့ပါပြီ
လွမ်းလားမေးရင် မလွမ်းတော့ပါဘူး
မုန်းလားမေးရင် မမုန်းတော့ပါဘူး
*****ဒါပေမယ့်***** 
တိုက်ဆိုင်မူ့ လေးတွေကြုံလာတိုင်း
သတိတော့ရမိတယ်
///တစ်ချိန်က ချစ်ခဲ့သူရယ် ///
                                                  Min khant
Sunday, October 20, 2013
ဝေါဟာရ
ငါ ဖြတ်သန်း နေရတဲ့ ဘ၀တစ်ခုက
အရမ်းကြမ်းတမ်းတယ် 
မင်း ဖြတ်သန်း နေရတဲ့ ဘ၀တစ်ခုက
အရမ်းချိုမြိန်သာယာတယ်
မတူညီတဲ့ ဘ၀နှစ်ခုပေါင်းဖို့ ဆိုတာ
လုံးဝမဖြစ်နိုင်ဘူးဆိုတဲ့ စကားကို
ကြားဖူးပေမယ့် ဒီစကားက 
ငါ့အတွက်တော့ 
အားတက်စရာတစ်ခုပေါ့
ဒီ *မဖြစ်နိုင်ဘူး* ဆိုတဲ့ ဝေါဟာရကို
ငါ ပြောင်းမယ် ချစ်သူ
မင်းကိုငါပိုင်ဆိုင်ရမယ်ဆိုတာ
*လုံးဝဖြစ်နိုင်တယ်* 
                                      Min khant
အတွေးတစ်ခု
လွမ်းရတဲ့နေ့ တွေက 
တစ်စတစ်စ တိုးလာခဲ့ပေမယ့်
ဒီနေ့ ထိတိုင် လွမ်းမြဲလွမ်းဆဲပါချစ်သူ
တစ်ခါတစ်လေတော့လည်း
ငါ့ကိုငါတောင် တွေးမိတွေးရာတွေ
လိုက်တွေးနေမိတယ်
နင်သာငါ့ကိုထားသွားခဲ့မယ်ဆိုရင်
~~~~~ငါဘယ်လိုနေရပါ့မလဲလို့ ပေါ့~~~~~
                              Min khant
Friday, October 18, 2013
အရင်ကထက်
မင်းငါ့ကိုအရင်ကထက်
သတိရပေးပါ
မင်းငါ့ကိုအရင်ကထက်
ဂရုစိုက်ပေးပါ
မင်းငါ့ကိုအရင်ကထက်
ယုံကြည်ပေးပါ
မင်းငါ့ကိုအရင်ကထက်
နွေးထွေးမူ့ ပေးပါ
မင်းငါ့ကိုအရင်ကထက်
ပိုချစ်ပေးပါ
အနေဝေးနေတဲ့ ငါတို့ နှစ်ယောက်အတွက်
အရမ်းကိုလိုအပ်နေတယ်ချစ်သူရယ်
*ဒါကြောင့်*
မင်းငါ့ကိုအရင်ကထက် ????????????
                                                          Min khant
                                                     http://minkhantpoems.blogspot.com/
Wednesday, October 16, 2013
Please
Please Please Please
                                                       Min khant 
Monday, October 14, 2013
သစ္စာ
အဆင်မပြေမူ့ တွေနဲ့ 
ကြုံတွေ့ လာချိန်တိုင်း
စိတ်ညစ်မူ့  တွေနဲ့ 
ကြုံတွေ့ လာချိန်တိုင်း
အရင်ဆုံးသတိရတာမင်းပါ
အခုအချိန်မှာ ငါတို့ နှစ်ယောက်က
မိုင်ပေါင်းများစွာ ဝေးကွာလွန်းနေတယ်
တစ်နေ့ ထက် တစ်နေ့ 
အလွမ်းတွေပိုပိုတိုးလာခဲ့သလို့ 
အချစ်တွေကလည်း လုံးဝ
လျော့မသွားခဲ့ဘူးချစ်သူ
စိတ်ချ ပါ ချစ်သူ
ငါ့ဘ၀တစ်လျှောက်လုံး
မင်းတစ်ယောက်ကိုပဲ 
သစ္စာရှိရှိချစ်သွားမှာပါ
                                              Min khant
ဆုံနိုင်ခွင့်
အချိန်တွေ
အလွမ်းတွေသာ
 တစ်ဖြည်းဖြည်းတိုးလာခဲ့တယ်
မင်းနဲ့ နီးရဖို့ ဆိုတာ မဖြစ်နိုင်သေးပေမယ့်
ငါလုံးဝ စိတ်ဓာတ်မကျခဲ့ဘူး ချစ်သူ 
ဆုံနိုင်ခွင့် တစ်နေ့ တာက ငါတို့ အတွက်
အလှမ်းဝေးလွန်းနေတယ်ဆိုပေမယ့်
မျှော်လင့်ချက်တွေနဲ့ ငါတို့ နှစ်ယောက်
ရှေ့ ဆက်ချစ်နေကြမယ်နော်
အခုအချိန်မှာ နင်သာ
ငါ့အနားမှာရှိရင် အပျော်ဆုံးလူက
ဒီကမ္ဘာမှာ
ငါတစ်ယောက်တည်းပဲဖြစ်မှာပါ
                                           Min khant
                         http://minkhantpoems.blogspot.com/
အနိုင်အရူံး
တကယ်တော့ 
အချစ်မှာအနိုင်အရူံးဆိုတဲ့ရလဒ် မရှိသင့်ပါဘူး
သစ္စာရှိရှိယုံယုံကြည်ကြည် ချစ်နိုင်ဖို့ က 
နှစ်ယောက်စလုံးအတွက် လိုအပ်တဲ့အဓိကအချက်ပါ         
                                                                     Min khant  
Sunday, October 13, 2013
ငါယုံကြည်ချင်တယ်
ငါယုံကြည်ချင်တယ် ချစ်သူရယ်
ရှေ့ ဆက်ပြီး သံသယ တွေနဲ့ ချစ်နေမယ်ဆိုရင်
ဒါကြောင့် မင်းငါ့ကိုချစ်တယ်ဆိုရင်
*** နောက်တစ်ခါ***
***    ငါ့ကို   ***
သံသယ မျက်လုံးတွေနဲ့ မကြည့်ပါနဲ့ ကွာ
                                                              Min khant 
http://minkhantpoems.blogspot.com/
Friday, October 11, 2013
*အချစ်ဦး*
တစ်ချိန်က မြတ်နိုးတွယ်တာခဲ့ရတဲ့
*ချစ်သူရေ*
မင်းအဆင်ပြေရဲ့ လား
နေကောင်းရဲ့ လားလို့ 
 မေးချင်ပေမယ့် 
အခုအချိန်မှာ မဖြစ်နိုင်တော့တဲ့
အခြေအနေတစ်ခုပေါ့
ငါမင်းကို ဒီနေ့ ထိထက်တိုင်
သတိတရလွမ်းနေဆဲပါ ချစ်သူ
တစ်ခုတော့ဝန်ခံပါရစေ
ဒီနေ့ အထိ
ငါမင်းကို မေ့မရသေးဘူး ချစ်ခဲ့သူရယ်
                                                     Min khant
အလွမ်း
တစ်ခါတစ်လေတော့
အဲဒီအလွမ်းဆိုတာကြီးကို
အရမ်းကြောက်နေမိတယ်ဗျာ
ဘယ်အကြောင်းကြောင့်ရယ်လို
အတိအကျမပြောတက်ပေမယ့်
သေချာတာတစ်ခုကတော့
*အရမ်းခံရခက်တယ်ဗျာ*
                                      Min khant
http://minkhantpoems.blogspot.com/
Thursday, October 10, 2013
*ဇွဲ*ဆု
မင်းမချစ်နိုင်မှန်းကို သိသိရက်နဲ့ 
ဇွတ်တိုးနေမိခဲ့တဲ့ငါ 
ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူး
မင်းနဲ့ ပက်သက်သမျှတွေက
ငါ့အတွက်တော့ အဆိပ်တွေပဲဖြစ်နေပါစေ
ငါဇွဲရှိရှိနဲ့ ချစ်မြဲချစ်သွားမှာပါ
နောက်ဆုံး ငါ့အတွက်
*ဇွဲ* ဆုလေးရခဲ့ရင်တောင်????????????
                                                     Min khant
Wednesday, October 9, 2013
မင်းသိဖို့ 
သတိရမိတယ်
လွမ်းမိတယ် ချစ်သူ
မင်းကိုချစ်သေးလားမေးရင်းတော့
*ငါ မချစ်တော့ပါဘူး*
မင်းနဲ့ ပက်သက်ပြီးစိတ်ပျော်ရွှင်
ကျေနပ်ခဲ့ရတာတွေအတွက် ကျေးဇူးပါ
မင်းသိဖို့ တစ်ခုတော့ပြောပါရစေ
*ငါ မင်းကိုဘယ်တော့မှမမုန်းဘူး*
!!!!!!!! Missing !!!!!!!
                                                   Min khant
*****မင်းကိုသိပ်ချစ်တယ်*****
ချစ်ခဲ့တဲ့ချစ်သူက
မုန်းတက်အောင်သင်ပေးခဲ့တယ်
မင်းတော်ပါတယ် ချစ်သူ
ငါ့ကို လှည့်စားသွားခဲ့လို့ 
မင်းတော်ပါတယ်ချစ်သူ
မင်း မာယာတွေမှာမျောနေခဲ့လို့ 
နောက်ဆုံးတစ်ခေါက်လောက်တော့
မင်းကိုစကားလေးတစ်ခွန်းလောက်ပြောပါရစေ
*****မင်းကိုသိပ်ချစ်တယ်*****
ငါ့လိုချစ်သူမျိုးကို မင်းဆုံးရုံးခဲ့အတွက်
......မင်း နောင်တမရပါစေနဲ့ လို့ ဆုတောင်းရင်း......
                                                              Min khant
Tuesday, October 8, 2013
ငါမေ့လိုက်ပါရစေ
ချစ်ခဲ့ပါတယ် ချစ်သူ
လွမ်းခဲ့ပါတယ် ချစ်သူ
ပျော်လည်းပျော်ခဲ့ရသလို
ငိုလည်းငိုခဲ့ရပါတယ်
မင်းတစ်ယောက်တည်းက
ငါ့ကိုအရာရာပြောင်းလဲအောင်
နေတက်အောင် သင်ပေးခဲ့တယ်
ငါမင်းကို တစ်ဘ၀စာရည်ရွယ်ခဲ့ပေမယ့်
တကယ်တမ်းကျတော့ ခဏတာပါ
ကိုယ့်ချစ်သူဆီက *ချစ်တယ်* ဆိုတဲ့စကားလေးတောင်
ကြားခွင့်မရမှတော့ တစ်ဘ၀စာရည်ရွယ်ထားခဲ့တဲ့မင်းကို
ငါမေ့လိုက်ပါရစေ
                                            Min khant
ဆုတောင်း
ကြယ်လေးတွေကိုလည်းအားနာလှပြီ
ငါ့ကိုငါ့လည်းမရှက်နိုင်
ဟန်မဆောင်နိုင်အောင်ဖြစ်နေပြီ
ဆုတောင်းရလွန်းလို့ ငါ့ကိုကောင်းကင်က
လမင်းကြီးတောင် ငြိုငြင်နေပြီချစ်သူရယ်
ငါ့အတွက်နဲ့ မိုးပေါ်ကကြယ်လေးတွေ
တစ်ပွင့်ပြီးတစ်ပွင့် ကြွေကျနေရတာ
မတရားရာရောက်ပါတယ် ချစ်သူရယ်  :(
Monday, October 7, 2013
*Promise*
သိပ်ချစ်ရတဲ့ချစ်သူရေ
မင်းရှေ့ မှာအရင်ရှိခဲ့တဲ့ရည်းစားတေ
ရှိခဲ့တယ်ဆိုတာ ဟုတ်ပါတယ်
မင်းနားလည်ပေးတဲ့အတွက်လည်း ပျော်မိတယ်
မင်းလိုချစ်သူမျိုးကိုငါပိုင်ဆိုင်ထားလို့ ကျေနပ်တယ်
စိတ်ချ
မင်းကလွဲပြီးနောက်ထပ်နောက်တစ်ယောက်
မချစ်နိုင်တော့ဘူးဆိုတာကို
ကတိပေးပါတယ် ချစ်သူရယ်
*တကယ်ပါ*
Forever Missing
Forever loving for my lover