Friday, January 24, 2014

January 25

ချစ်ခဲ့ပါတယ် ချစ်သူ
အရင်အချိန်တွေကဆိုရင်
နှစ်တစ်နှစ်ရဲ့ တစ်လစီကျော်ဖြတ်တိုင်း
25 ရက်နေ့ လေးက ငါတို့ နှစ်ယောက်ရဲ့ 
အပျော်ရွှင်ရဆုံးနေ့ လေး တစ်နေ့ ပါ
ဒါပေမယ့် အခုအချိန်မှာ မေ့လောက်ရောပေါ့
ငါတို့ နှစ်ယောက်နဲ့ လည်း မသက်ဆိုင်တော့တာ
ဒီလ ဇန်န၀ါရီလ 25 ရက်နေ့ ပေါ့
သစ္စ္စ္စ္စ္စာမရှိတဲ့ ငါလိုလူကို 
မင်းလွမ်းမနေပါနဲ့ 
သစ္စ္စ္စ္စ္စာမရှိတဲ့ ငါလိုလူကြောင့် 
မင်းရဲ့ အချိန်တွေမကုန်ဆုံးမိပါစေနဲ့ 
25 ရက်နေ့ ဆိုတာနောက်တစ်ခါမရှိတော့တဲ့
ငါတို့ နှစ်ယောက်အတွက် ဒီနေ့ ကနောက်ဆုံးပါ
လွမ်းရဲ့ လို့ လမ်းခွဲသွားတယ်မထင်ပါနဲ့ 
အချစ်တစ်ခုကို လိမ်ညာပြီး မချစ်ချင်ခဲ့ဘူး
အဖြူသက်သက်လေးပဲ ချစ်ချင်ခဲ့တဲ့ငါ့ရဲ့ စိတ်က
နှစ်ဦးနှစ်ဖက်အတွက်တော့ 
ပွင့်လင်းသင့်တယ်ထင်တယ်လို့ ငါယူဆမိပါတယ်
မင်းမုန်းပါ မင်းနာကျည်းပါ မင်းစိတ်နာလိုက်စမ်းပါ
ပြီးရင် ဒီနေ့ ကစပြီး မင်းငါ့ကို မေ့လိုက်ပါတော့
မင်းနဲ့ ပက်သက်ပြီးခွန်အားတွေဖြစ်စေခဲ့တဲ့
အချိန်တွေအတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့
စကားက မင်းအတွက်လုံလောက်ပါတယ်
နောက်ဆုံးတစ်ခေါက်ရယ်ပါ  
ငါမင်းကိုသိပ်ချစ်ခဲ့တယ်ဆိုတာ 
လိမ်ညာမူ့ တစ်ခု မဟုတ်ခဲ့ဘူးဆိုတာပေါ့
မင်းနဲ့ ပက်သက်ပြီးရေးတဲ့ ငါ့ရဲ့ နောက်ဆုံး
*****Status*****လေးပါ
ငါ့အတွက်နောက်ဆုံးမေ့နိုင်ပြီဆိုတဲ့နေ့ 
***January 25***
                     Min khant
www.minkhantpoems.blogspot.com


0 comments:

Post a Comment