Monday, January 13, 2014

မလွမ်းကြေး

လွမ်းရတဲ့ အကြောင်းရယ်
ခွဲရတဲ့ အကြောင်းရယ်
တိုက်ဆိုင်မူ့ တစ်ခုမဟုတ်ပါဘူး
ကံကြမ္မာ၊ဘ၀ပေး အကွာအဝေးတစ်ခုနဲ့ 
သံသယတွေစွန်းထင်းနေတဲ့
အဖြူရောင် အမည်းစက်ကလေးတစ်ခုကြောင့်ပါ...
စုံမှတ်လေးတစ်ခုအဖြစ် ရောက်ရှိလာတဲ့နင်က
အခုတော့ နာကြည်းမူ၊မာနတွေသိက္ခာတွေနဲ့ 
သိသလိုမသိသလို လမ်းခွဲထားခဲ့တာ
ရက်စက်တယ်လို့ မဆိုပါဘူး
မင်းမှန်ပါတယ် လုပ်ရပ်နဲ့ လုပ်ဇာတ်တွေက
ငါဖန်တီးခဲ့တာမဟုတ်ဘူးဆိုတာတော့
နောက်ဆုံးတစ်ခေါက်လောက်
*****ယုံကြည်စေချင်တယ်*****
                             Min khant
 

0 comments:

Post a Comment