Friday, January 24, 2014

Promise My Lover

ချစ်သူရှိရက်နဲ့  
သူများအကြောင်းရေးတာ
နောက်ဆုံးတစ်ခေါက်ရယ်ပါ
အချစ်ဆိုတာ နားလည်မူ့ လေးရှိရင်
အဲ့ဒီအချစ်က အမြဲလှနေမှာပါ
ပြီးတော့ သံသယဆိုတဲ့အရာတောင်
နားလည်မူ့ လေးနဲ့ တွေ့ ရင်
ဒူးထောက်အရူံးပေးရစမြဲပါ
ကတိပေးပါတယ်ချစ်သူ
မင်းကလွဲပြီးနောက်ထက်ချစ်မယ့်လူ
ငါ့အတွက်လုံးဝမရှိတော့ဘူးဆိုတာ
ချစ်လေးတစ်ယောက်ယုံစေချင်တယ်
                         Min khant

Hate & Forget Me

မထားခဲ့ပါနဲ့ နော်လို့ 
အရင်ကပြောခဲ့တဲ့ငါ
အခုတော့ ထားသွားခဲ့တာငါတဲ့လား
မုန်းလိုက်စမ်းပါကွာ
နာကျည်းလိုက်စမ်းပါ
အချစ်တစ်ခုအတွက်ပွင့်လင်းလွန်းတဲ့ငါ
မိုက်မဲမူ့ ဆိုရင်လည်း အဲ့ဒီမိုက်မဲမူ့ က
မင်းကိုချစ်ခဲ့တဲ့ ငါ့ရဲ့ မိုက်မဲမူ့ တစ်ခုပါ
မေ့လိုက်ပါတော့
မုန်းလိုက်ပါတော့
နာကျည်းလိုက်ပါတော့
တစ်ချိန်ကရူးရူးမူးမူးချစ်ခဲ့သူရယ်
                   Min khant

January 25

ချစ်ခဲ့ပါတယ် ချစ်သူ
အရင်အချိန်တွေကဆိုရင်
နှစ်တစ်နှစ်ရဲ့ တစ်လစီကျော်ဖြတ်တိုင်း
25 ရက်နေ့ လေးက ငါတို့ နှစ်ယောက်ရဲ့ 
အပျော်ရွှင်ရဆုံးနေ့ လေး တစ်နေ့ ပါ
ဒါပေမယ့် အခုအချိန်မှာ မေ့လောက်ရောပေါ့
ငါတို့ နှစ်ယောက်နဲ့ လည်း မသက်ဆိုင်တော့တာ
ဒီလ ဇန်န၀ါရီလ 25 ရက်နေ့ ပေါ့
သစ္စ္စ္စ္စ္စာမရှိတဲ့ ငါလိုလူကို 
မင်းလွမ်းမနေပါနဲ့ 
သစ္စ္စ္စ္စ္စာမရှိတဲ့ ငါလိုလူကြောင့် 
မင်းရဲ့ အချိန်တွေမကုန်ဆုံးမိပါစေနဲ့ 
25 ရက်နေ့ ဆိုတာနောက်တစ်ခါမရှိတော့တဲ့
ငါတို့ နှစ်ယောက်အတွက် ဒီနေ့ ကနောက်ဆုံးပါ
လွမ်းရဲ့ လို့ လမ်းခွဲသွားတယ်မထင်ပါနဲ့ 
အချစ်တစ်ခုကို လိမ်ညာပြီး မချစ်ချင်ခဲ့ဘူး
အဖြူသက်သက်လေးပဲ ချစ်ချင်ခဲ့တဲ့ငါ့ရဲ့ စိတ်က
နှစ်ဦးနှစ်ဖက်အတွက်တော့ 
ပွင့်လင်းသင့်တယ်ထင်တယ်လို့ ငါယူဆမိပါတယ်
မင်းမုန်းပါ မင်းနာကျည်းပါ မင်းစိတ်နာလိုက်စမ်းပါ
ပြီးရင် ဒီနေ့ ကစပြီး မင်းငါ့ကို မေ့လိုက်ပါတော့
မင်းနဲ့ ပက်သက်ပြီးခွန်အားတွေဖြစ်စေခဲ့တဲ့
အချိန်တွေအတွက် ကျေးဇူးတင်ပါတယ်ဆိုတဲ့
စကားက မင်းအတွက်လုံလောက်ပါတယ်
နောက်ဆုံးတစ်ခေါက်ရယ်ပါ  
ငါမင်းကိုသိပ်ချစ်ခဲ့တယ်ဆိုတာ 
လိမ်ညာမူ့ တစ်ခု မဟုတ်ခဲ့ဘူးဆိုတာပေါ့
မင်းနဲ့ ပက်သက်ပြီးရေးတဲ့ ငါ့ရဲ့ နောက်ဆုံး
*****Status*****လေးပါ
ငါ့အတွက်နောက်ဆုံးမေ့နိုင်ပြီဆိုတဲ့နေ့ 
***January 25***
                     Min khant
www.minkhantpoems.blogspot.com


Thursday, January 16, 2014

ချစ်လေးသို့ 

သိပ်ချစ်လို့  တားမြစ်တာပါ
အဆုံးရူံးမခံနိုင်လို့  သ၀န်တိုမိတာပါ
မင်းကိုချစ်ရတာ 
ငါ့အတွက်ပင်ပန်းတယ်ဆိုပေမယ့်
ငါစိတ်မပျက်မိပါဘူး စိတ်မညစ်မိပါဘူး
ဝမ်းနည်းတာလေးတစ်ခုက 
မင်းငါ့ရဲ့ အချစ်တွေကို 
အခုထိနားမလည်နိုင်သေးတာလေးတစ်ခုပါ
ချစ်သူရယ်
                               Min khant
                                                      http://minkhantpoems.blogspot.com/

Monday, January 13, 2014

မလွမ်းကြေး

လွမ်းရတဲ့ အကြောင်းရယ်
ခွဲရတဲ့ အကြောင်းရယ်
တိုက်ဆိုင်မူ့ တစ်ခုမဟုတ်ပါဘူး
ကံကြမ္မာ၊ဘ၀ပေး အကွာအဝေးတစ်ခုနဲ့ 
သံသယတွေစွန်းထင်းနေတဲ့
အဖြူရောင် အမည်းစက်ကလေးတစ်ခုကြောင့်ပါ...
စုံမှတ်လေးတစ်ခုအဖြစ် ရောက်ရှိလာတဲ့နင်က
အခုတော့ နာကြည်းမူ၊မာနတွေသိက္ခာတွေနဲ့ 
သိသလိုမသိသလို လမ်းခွဲထားခဲ့တာ
ရက်စက်တယ်လို့ မဆိုပါဘူး
မင်းမှန်ပါတယ် လုပ်ရပ်နဲ့ လုပ်ဇာတ်တွေက
ငါဖန်တီးခဲ့တာမဟုတ်ဘူးဆိုတာတော့
နောက်ဆုံးတစ်ခေါက်လောက်
*****ယုံကြည်စေချင်တယ်*****
                             Min khant
 

ချစ်တာအမှား

စာရေးသူရဲ့ ခံစားချက်

ခံစားချက်မရှိဘဲ

ကဗျာတွေ

စာတွေ

အလွမ်းတွေကို

စာဖွဲ့ ပြီးရေးရတာ 

လုံးဝမလွယ်ပါဘူး

ရေးဖို့ လည်းမဖြစ်နိုင်ပါဘူး 

                           Min khant



Thursday, January 2, 2014

အသည်းကွဲတဲ့ဒဏ်

အသည်းကွဲဖူးတယ်ဆိုတာ
တကယ်ချစ်ခဲ့ဖူးတဲ့လူမှ နားလည်တာပါ 
မင်းကို တစ်ခြားသူတွေနဲ့ 
မတူတဲ့အချစ်နဲ့ ချစ်ခဲ့မိလို့ 
အသည်းကွဲတဲ့ဒဏ်
အသည်းကွဲတဲ့ခံစားမူမျိုးကို
အပြည့်အ၀ခံစားနေရတယ်ဆိုတာ
တစ်ချိန်ကချစ်ခဲ့သူသိရင်
ကျေနပ်ပြီ 
                Min khant