Monday, February 17, 2014

လက်ခုပ်နှစ်ဖက်

မင်းငါ့ကိုလွယ်လွယ်နဲ့ 
မမေ့လောက်ဘူးလို့ ထင်ခဲ့တဲ့ငါ
အခုတော့ အရာအားလုံးမေ့လိုက်နိုင်တဲ့မင်းကို
အံသြရုံကလွဲပြီး မသက်ဆိုင်တော့တဲ့
သူတစ်ယောက်အတွက် တစ်ခါတစ်လေတော့
အတွေးထဲရောက်ရောက်သွားတယ်
သတိရတာလဲ မဟုတ်ဘူး
လွမ်းတာလဲ မဟုတ်ဘူး
အတွေးထဲရောက်ရောက်လာတက်တာပါ
လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်သလိုပေါ့
ငါ့လည်းမင်းကိုလွယ်လွယ်နဲ့ မေ့လိုက်ပါပြီ
တစ်ချိန်က သက်ဆိုင်ခဲ့သူရယ် 
                 Min khant
http://minkhantpoems.blogspot.com/

0 comments:

Post a Comment