မင်းအချစ်တွေကိုယုံကြည်နေမိတဲ့ငါ့ကို
ဘေးလူတွေကတောင်ဝိုင်းပြောနေကြပြီ
ခံနိုင်ရည်လုံးဝမရှိဘူးချစ်သူရယ်
ငါသိပ်ချစ်နေတဲ့မင်းက အများအမြင်မှာ
အမြင်မကြည်တဲ့သူတစ်ယောက်ဖြစ်နေပေမယ့်
ငါ့အသွေးသားနဲ့ မျက်လုံးထဲမှာတော့
အဖြူရောင်သက်သက်ပါ
အရောင်အမျိုးမျိုးဝိုင်းဆိုးနေတဲ့ ပတ်ဝန်းကျင်
ငါတို့ နှစ်ယောက်အပေါ်ရက်စက်နေတဲ့ ကံကြမ္မာ
အမြင်အတူတဲ့ မိဘအသိုင်းအ၀ိုင်း က
ငါတို့ နှစ်ယောက်ရဲ့ ချစ်ခြင်းကို စိန်ခေါ်နေကြပြီ
ချစ်ခဲ့တဲ့သက်တမ်းတစ်လျှောက်
အရာရာတိုင်းအတွက် ငါ့ဘက်မှာမရှိခဲ့တဲ့မင်း
အခုအချိန်လေးမှာတော့ ငါ့ဘက်မှာမင်းရှိနေပေးပါ
ဟို....သီချင်းလေးထဲကအတိုင်း
*****သတ္တိရှိဖို့ တော့လိုတယ်*****